စုကျိုးမြို့မှ ထူးဆန်းသောအဖြစ်အပျက်များ ၁

285 27 0
                                        


သူတို့ ၅ ယောက်သား စုကျိုးမြို့ဝန်အိမ်သို့ရောက်သွားချိန်တွင် ယန်ဖုန်းရွင့် ကသူတို့ကို စောင့်မျှော်နေသည်ကို တွေ့ရသည်။ ၅ ဦးသားဟာ အလျင်အမြန်နှုတ်ခွမ်းဆက်မှုပြုကြပြီး လာရင်းအကြောင်းကိုဆွေးနွေးကြတော့သည်။

စုကျိုးမြို့သည် မြို့ငယ်လေးဖြစ်သော်လည်း ဒေသထွက်ကုန် သယံဇာတ ပေါ်များသောကြောင့် စည်ကားသည့်မြို့လေးဖြစ်ခဲ့သည်။ ဤမြို့တွင်နေထိုင်သော လူများမှာလည်း ရိုးသားပြီး ပြစ်မှုများမရှိသလောက်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့် မြို့ဝန်သည် အေးဆေးသာယာစွာအုပ်ချုပ်နေခဲ့သည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ထူးဆန်းသောလူသေမှုများဖြစ်ပေါ်လာခဲ့သဖြင့် မြို့ဝန်မင်းခေါင်းကိုက်ရလေတော့သည်။

ချန်ယွင် - လူသေမှုတွေဖြစ်ပေမယ့် ဒီကလူတွေကြည့်ရတာ အပူအပင်မရှိသလိုပဲနော်..ကြောက်တဲ့ပုံစံလည်း မရှိကြဘူး..

မြို့ဝန်- အဲ့ဒါကပဲ ကျွန်တော့်ကို ခေါင်းကိုက်စေတဲ့အချက်ပေါ့..ရက်သတ္တပတ်တစ်ပတ်ကို လူတစ်ယောက်က အသတ်ခံရတယ်.ဒါပေမယ့် ဘယ်သူမှ ဝမ်းမနည်းကြတဲ့အပြင်.အိုးစည်ဗုံမောင်းတီးပြီးတောင် ကခုန်ကြသေးတယ်.ဒီမြို့ကလူတွေ ယုံကြည်တာက လူတစ်ယောက် အသတ်ခံရပြီးရင် အသတ်ခံရတဲ့လူရဲ့ မိသားစုတွေက မကြာခင်မှာပဲ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုကို ရကြတယ်.ပထမတော့ ကျွန်တော်လည်း မယုံခဲ့ဘူး.ဒါပေမယ့် တဖြေးဖြေး လူသေပြီးတဲ့အိမ်တိုင်း စီးပွားတက်လာကြတော့ မယုံချင်လည်း ယုံနေရတယ်..
ကျိုးထုံ- ဘယ်လိုလူတွေလဲဟ..ငွေက မိသားစုထက်အရေးကြီးတာလား..ဒ်ိကလူတွေ ရူးနေကြတာဖြစ်မယ်..
ယန်ဇီကျူး - အသတ်ခံရမယ့် မိသားစုအတွက်စိတ်မပူဘူး ချမ်းသာဖို့ပဲ မျှော်နေကြတယ်..တကယ်ဆိုးရွားတာပဲ..
​ယန်ဖုန်းရွှင့်ကတော့ ကြိုသိပြီးသားအကြောင်းအရာတွေမို့လို့ ခပ်မဆိပ်ပင်။ ဆရာတူတပည့်ပီသသော ယန်ဇီယွမ် လည်း ငြိမ်လျက်သာနားထောင်နေသည်။

ချန်ယွင် - အသတ်ခံရတဲ့လူတွေကရော ဘယ်လိုအသတ်ခံရတာလဲ..အကြောင်းစုံရှင်းပြပေးပါ မြို့ဝန်

ကံကြမ္မာနှင့်ယှဥ်၍Место, где живут истории. Откройте их для себя