နောက်တစ်နေ့မနက်မှာ ယန်ဖုန်းရွင့် နှင့် သူတို့ငါးဦးသာက မြို့ဝန်တည်ခင်းသော မနက်စာကိုသုံးဆောင်ပြီး သတင်းများစုံစမ်းရန်တိုင်ပင်နေကြသည်။
ဟုန်လင်းက မြို့ဝန်ကိုမြင်သည်နှင့် မနေ့ကတွေ့လိုက်ရသော ဒဏ်ရာကို ပြန်မြင်ယောင်လာပြီး မနက်စာပင်စားမဝင်ပေ။ သူမက နုနုနယ်နယ်မိန်းကလေးမျိုးမဟုတ်ပေမယ့် ကျင့်ကြံဂိုဏ်းတစ်ခု၏ သခင်မလေးဖြစ်ကာ အလိုလိုက်အကြိုက်ဆောင်နေခဲ့ရလေသည်။ သူမက လူတွေနှင့် မည်ကဲ့သို့ ဆက်ဆံရမည်ကိုနားမလည်ပဲ သူမ သိတာက ဒီရောဂါသည် အဖိုးကြီးနှင့် ထမင်းတူတူစားနေရတာကိုက မြိုမကျစရာဖြစ်နေခဲ့သည်။ သို့သော်လည်း နံဘေးတွင် ချန်ယွင်ရှိနေလေတော့ သူမက မျက်နှအမူအယာကို အတက်နိုင်ဆုံးထိန်းရင်း သည်းခံနေရတော့သည်။
တစ်ဖက်က ယန်ဇီကျူး ကတော့ ဆေးပညာဆိုင်ရာလေ့လာနေသောလူဖြစ်သောကြောင့် ဤကဲ့သို့ဒဏ်ရာမျိုးက သူမအတွက် အကြောင်းမဟုတ်ပေ။
ကျိုးထုံ က မိန်းကလေးနှစ်ယောက်၏ ကွာခြားမှုကို တိုင်းတာရင်း ဟုန်လင်းကို ကြည့်မရပိုဖြစ်လာသည်။ သူမက သူ့၏ ဆရာတူအမ ရုပ်ချောပြီး သိုင်းတော်ပေမယ့် စိတ်ဓာတ်ကတော့ ဟိုးအောက်ဆုံးပင်၊ ငယ်ငယ်တုန်းက သူ့ကို အနိုင်ကျင့်ခိုင်းစားခဲ့ကြပြီး အခုကြီးလာတော့လည်း မလိုရင်မလိုတလို ဆရာ့ထံဂုန်းချောတက်သေးသည်။ ရုပ်ချောတော့လည်း ဘာလုပ်ရမှာလဲ အတွင်းစိတ်က ပုပ်နေတာကို. သူ့ထက်စာရင် ဘွင်းဘွင်းလင်းလင်းနဲ့ တုတ်ထိုးအိုးပေါက်လုပ်တက်တဲ့ ယန်ဇီကျူး က အပုံကြီးသာတယ်..တကယ်လို့သာ..အကို ၂ က သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို ဇနီးအဖြစ်ရွေးမယ်ဆို ယန်ဇီကျူး ကိုပဲ ရွေးဖို့ပြောရမယ်..အဟား..ငါကလည်း တွေးရင်းတွေးရင်း အကို၂ ကိုတောင် ဇနီးရွေးခိုင်းနေမိပြီ..
ကျိုးထုံ က သူ့အတွေးသူ သဘောကျရင်း မျက်နှာက ပြုံးရိပ်သန်းလာသည်။ ထိုအခြေအနေကို ယန်ဇီယွမ် က မြင်ပြီး လက်မောင်းဖြင့်မသိမသာတို့ကာ ဘာလဲဟူသည့် သဘောဖြင့် မေးငေါ့ပြသည်။ ကျိုးထုံက ဘာမှမဟုတ်ကြောင်း ခေါင်းပြန်ခါလိုက်ပြီး ယန်ဇီယွမ် ကို ထမင်းဆက်စားဖို့သာ ပြောလိုက်သည်။
![](https://img.wattpad.com/cover/208506452-288-k665559.jpg)
VOCÊ ESTÁ LENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficção Históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...