အဖမ်းခံရခြင်း ၂

252 22 0
                                        

ယန်ဖုန်းရွင့် နှင့် ကျိုးထုံတို့ မြို့အနောက်ဘက်တံခါးဆီသို့ရောက်လာခဲ့သည်။ သူတို့က တစ်လမ်းလုံး ခွေးတစ်ကောင်ကြောင်တစ်မြှီးမှပင် မတွေ့ခဲ့ပေ။

ယန်ဖုန်းရွင့် - ဇီယွမ် ဘယ်ရောက်နေတာလဲ..ဘာဖြစ်လို့ ဒီဘက်မှာလည်း မတွေ့ရတာလဲ..

ကျိုးထုံ - ကျွန်တော်တို့ လူခွဲရှာကြမလား...

ယန်ဖုန်းရွင့် - မဖြစ်ဘူး..အခြေအနေက ငြိမ်သက်လွန်းပြီး မသင်္ကာစရာကောင်းနေတယ်..ဇီယွမ့်ကိုလည်း မတွေ့ဘူး..ပြီးတော့ ဟိုထူးဆန်းတဲ့လူ...အခု ငါတို့စုစုစည်းစည်းနေတာ ပိုကောင်းမယ်..

ကျိုးထုံ - ဟုတ်

သူတို့နှစ်ဦးက မြို့တံခါးအပြင်ဘက်ရှိ အုံမှိုင်းပြီးမသတီစရာကောင်းသော အဆောက်အဦးကိုတွေ့သွားသည်။ ညဥ့်နက်ချိန် အလင်းရောင်မရှိတရှိအချိန်တွင် ထိုအဆောက်အဦးက မကောင်းဆိုးဝါး များကြီးစိုးနေသည့်နှယ်...

နှစ်ဦးသား သတိချပ်လိုက်ပြီးနောက် အဆောက်အဦး၏ တံခါးရှိရာသို့လျှောက်သွားလိုက်သည်။ ကျိုးထုံက တံခါးလက်ကိုင်ကွင်းကို အသံမြည်အောင်ခေါက်လိုက်ပြီး အတွင်းမှ တုံ့ပြန်သံကိုနားစွင့်လိုက်သည်။ စိုးစဥ်မျှထွက်မလာသောအသံကြောင့် သူက တံခါးကို တွန်းဖွင့်ကြည့်လိုက်သည်။ တံခါးကအခိုင်အမာပိတ်ထားပုံရပြီး တွန်း၍မရပေ။

ယန်ဖုန်းရွှင့်က ဂါထာတစ်ပုဒ်ကို ခပ်တိုးတိုးရွတ်ဆိုလိုက်ရင်း တံခါးကို သူ၏ ရွှေဝိညဥ်လိပ်ပြာ ယပ်တောင်ဖြင့်ခေါက်လိုက်သည်။ တံခါးက အသာအယာပွင့်သွားပြီးနောက် အောက်သိုးသိုးအနဲ့တစ်ချို့နှင့်အတူ သွေးညှီနဲ့ အနည်းငယ်က လေထဲတွင် ပျံ့နှံ့လာခဲ့လေသည်။

လေထဲတွင် ပျံ့နေသောသွေးညှီနံ့က နည်းပါးပေမယ့် လတ်ဆတ်သော အနံ့ရှိနေပြီး ထိုအခြင်းအရာက သူတို့နှစ်ဦးကို ထိတ်လန့်သွားစေ၏။ ကျိုးထုံက သူ့ဖခင်ဆီမှ လက်ခံရရှိသော မြေခွင်းသံမဏိ ဓားကိုဆွဲထုတ်လိုက်ပြီး နှစ်ဦးသားက သတိအပြည့်ရှိသော ခြေလှမ်းများဖြင့် အဆောက်အဦးအတွင်းသို့ ဝင်သွားလေသည်။

ကံကြမ္မာနှင့်ယှဥ်၍Место, где живут истории. Откройте их для себя