အစီအစဥ်တွေ လွဲချော်ခြင်း

201 11 1
                                        

ဧည့်နန်းဆောင်၏ ခန်းမကျယ်တွင်...

ယန်ဇီယွမ် ၏ မျက်နှာကိုမြင်လိုက်ရုံဖြင့် မကောင်းတော့ဟု ယန်ဖုန်းရွှင့် တွေးလိုက်မိသည်။
သူတို့နန်းဆောင်ကိုပြန်ရောက်သည်နှင့် အစေခံတွေဆီမှ ဧည့်ခန်းဆောင်ကို လာစေဖို့ အသိပေးခံရသည်။

ခန်းမအလယ်တွင် ကျိုးထုံက ဒူးထောက်အနေအထားဖြင့်ရှိနေပြီး ချန်ယွင် က စားပွဲတွင် ထိုင်လျက်..

ကျန်းစီကျူး နှင့် ယန်ဇီကျူး ကိုတော့မတွေ့ရ..

" ဘာတွေဖြစ်နေတာလဲ."

" ဆရာ.."

ယန်ဇီယွမ် ကသူ့ဆီမပြေးရုံခြေလှမ်းဖြင့် လှမ်းလာခဲ့သည်။ ယန်ဇီယွမ် ၏ မျက်နှာမှ ဒေါသနှင့် စိတ်ရှုပ်ထွေးမှု တွေက သိသာနေသည်။

ချန်ယွင် က ထိုင်ရာမှ ထ၍ အရိုအသေးပေးသည်။

" မင်းသားချန်ယွင် က မနက်ဖြန်အတွက် ကြိုအနားယူသင့်ပြီ.. ဘာလို့ ဒီရောက်နေတာလဲ.."

" ပြောရမှာတော့ ရှက်ရွံ့စရာပါပဲ..ဒီတပည့်ရဲ့ ညီငယ်က အပြစ်တွေကျူးလွန်ခဲ့မိလို့ ဘယ်လိုတောင် ဖြေရှင်းရမလဲ မသိတော့လို့ပါ.."

ပိုင်ရိထျန်းက ဒူးထောက်နေသော ကျိုးထုံအရှေ့သို့ သွားရောက်ကြည့်ရှုလိုက်၏။

" ကျိုးထုံက ဘာလို့ အရိုက်ခံထားရတာလဲ"

ကျိုးထုံက ခေါင်းကို ပို၍ ငုံ့ခဲ့သည်။

" ကျွန်တော်.."

" မင်းပါးစပ်က အဲ့ကိစ္စကို မပြောနဲ့..ရွံဖို့ကောင်းတယ်..အခု ငါ့ညီမရဲ့ ဂုဏ်သိက္ခာတွေ အားလုံး ပျက်စီးသွားပြီ..မင်းကို ငါ သတ်ပစ်ရမှ ကျေနပ်မယ်.."

ယန်ဇီယွမ် က ဒေါသတကြီးဝင်ပြောမှုကြောင့် ယန်ဖုန်းရွှင့် ပိုင်ရိထျန်း အချင်းချင်းကြည့်လိုက်မိသည်။

" ဇီယွမ်.. မင်းဒေါသကို ထိန်းပြီး ငါ့ကိုအကြောင်းစုံပြောပြစမ်း.."

" ဆရာ..သူက ညီမလေးကို ဟို..ဟိုဟာ..မတော်မတရားကျင့်ခဲ့တယ်.."

" ဘာ.."

နှစ်ဦးသားဆီမှ အာမေဋိတ်အသံ ကိုပြိုင်တူကြားလိုက်ရ၏။

" အဲ့ဒါက..ကျိုးထုံ ဆေးမိသွားတာပါ..သူက သူ့စိတ်ကို မထိန်းနိုင်ပဲ ယန်မိန်းကလေးအပေါ် လွန်ကျူးမိသွားတာ.."

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now