ကျန်းစီကျူးဟာ သူ့ဆရာထံမှ အကြောင်းကြားစာကို ရပြီးသည်နှင့် သတ္ထုတွင်း တွေရှိရာ တောင်ခြေသို့ သွားခဲ့သည်။ ပြိုကျနေသော သတ္ထုတွင်း ကို လှမ်းမြင်ရလောက်သည့် နေရာတွင် ရန်ရိရှင်း သူမကို စောင့်နေမှန်းတွေ့လိုက်ရသည်။
" ဆရာ..".
" အင်း..လာပြီလား.."
" ယွဲ့လန်တို့ရော.."
" မရောက်သေးဘူး..သူတို့က ငါတို့ကို အကြောင်းကြားပြီး အရင်ထွက်သွားနှင့်တယ် ဆိုပေမယ့် ဒီရောက်တော့ တစ်ယောက်တလေမှတောင်မတွေ့ရဘူး."
"ဟုတ်လား..ဒါဆို. ..အင်း..ဆရာ့ကို အကြောင်းကြားတာ ဘယ်သူနဲ့လဲ. "
" ကလေးတစ်ယောက်ပဲ..ရှုဖုန်းဂိုဏ်းက အကြောင်းကြားလို့ပါဆိုပြီး လာပြောတာ..သတ္ထုတွင်းတွေဆီ လာခဲ့ပါဆိုပြီး."
ကျန်းစီကျူး ဟာ ပတ်ဝန်းကျင်ကို အကဲခက်လိုက်သည်။ ပုံမှန်ဆို ဒီသတ္ထုတွင်းနေရာဟာ ရဲမတ်အစောင့်အရှောက်တွေပြည့်နေပြီး သူမတို့ကို အနားတောင်ကပ်ခွင့်မပေးခဲ့ဘူး..ဒီနေ့မှာတော့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ရဲမတ်အစောင့်အကျပ် တစ်ဦးမှ မရှိပေ. ဒါ့အပြင် တခြားသော ကျင့်ကြံသူတွေကိုလည်း မမြင်ရ..ဒီနေ့ ဒီနေရာကို ဘယ်ကျင့်ကြံသူမှ လာမကြည့်ကြဘူးလား....
" ဆရာ..ဒီနေရာက ထူးဆန်းနေတယ်. "
" အင်း..အရမ်းကို တိတ်ဆိတ်လွန်းနေတယ်.ငါတို့ ရွာကို အရင်ပြန်ကြမလား."
" ဟင့်အင်း..အခုပုံစံက သံသယဝင်စရာကောင်းတယ်ဆိုရင်တောင် သတ္ထုတွင်းကို သွားကြည့်နိုင်ဖို့အတွက် အခွင့်အရေးပဲလေ..ဆရာလည်း ပါနေတာပဲ..ကျွန်မ ကြောက်စရာမရှိဘူးလေ.''
သူမက ပြောရင်း ရန်ရိရှင်း ကိုကျော်၍ လျှောက်သွား၏။ ရန်ရိရှင်းက သူမကို တား၍စကားဆိုရန် လက်ကို အနည်းငယ်မြှောက်လိုက်မိသော်လည်း ကျော်သွားသည့် သူမကို ကြည့်ပြီး မပြော့တော့ဘူးဟု တွက်လိုက်သည်။
တကယ်ပဲ ဒီနေရာဟာ သိသိသာသာ ထောင်ချောက်ဆင်ထားသည့်သဏ္ဍာန် ပေါ်နေလေသည်။ သို့ပေတည့် ကျန်းစီကျူး ဆိုတာဘယ်သူမှတ်လို့တုန်း သူမက တုံးတိုက်တိုက် ကျားကိုက်ကိုက် ဝင်းတိုးရတာကို ကြိုက်သူလေ.ပြီးတော့ သူမအနောက်မှာ သူမ၏ ဆရာ နတ်နဂါးမိစ္ဆာတစ်ကောင်လည်း ပါနေခဲ့သေးတာ..အင်မတန် အန္တရာယ်များပါတယ်ဆိုတဲ့ မိစ္ဆာတောင်ကြားက မြေအောက်ဂူထဲကတောင် ထွက်လာနိုင်ခဲ့သေးတာပဲ..ဒီကမ္ဘာလောကပေါ်မှာက ကြောက်စရာ မိစ္ဆာသားရိုင်းဆိုတာ တော်တော်ရှားလို့နေပြီလေ. သူမအတွက် အန္တရယ် ဆိုတာ ရှိမှာမဟုတ်ဘူး
DU LIEST GERADE
ကံကြမ္မာနှင့်ယှဥ်၍
Historische Romaneနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...