Unicode
ကျန်းစီကျူး နှင့် ရန်ရိရှင်း ဟာ ထို အိမ်လေးတွင် ခဏတာနေထိုင်ဖို့ဆုံးဖြတ်လိုက်ကြသည်။
ထိုနေ့ညစာ စားချိန်မှာတော့ ယန်ဇီယွမ် ဟာ သူရှာဖွေလာသော တောကောင်များနှင့် ဟင်းရွက်များကို ဖွယ်ဖွယ်ရာရာချက်ပြုတ်၍ တည်ခင်းဧည့်ခံလေသည်။
ယန်သခင်ငယ်လေးဟာ သူ့ရဲ့လက်ရာများကို ချီးမွမ်းအခံရဖို့ မည်သို့မည်ပုံရှာဖွေလာကြောင်း ချက်ပြုတ်လာကြောင်းကို ရှင်းလင်းပြောကြားနေလေ၏။
ခက်တာက ကျန်းစီကျူး က အသားမစားသုံးသလို ရန်ရိရှင်းကလည်း အစာ စားရန်မလိုအပ်သူပေ။ သူက သူ့ဟင်းလျာတွေကို အပုံကြီးပြင်ဆင်ခဲ့ပေမယ့် ခဲလေသမျှ သဲရေကျလေသည်။
ထမင်းစားပွဲဝိုင်းက ကြီးမားပြီး လူစုံနေပေမယ့် အားလုံးက ကိုယ့်အာရုံနှင့်ကိုယ်..ကျန်းစီကျူးက ဟင်းရွက်ကြော်တစ်ခွက်နှင့် ထမင်းကို တို့ခနဲဆိတ်ခနဲ စားနေပြီး ရန်ရိရှင်း က ရေနွေးကြမ်းသုံးဆောင်နေ၏။
ယန်ဖုန်းရွှင့် ၏ ပန်းကန်ထဲတွင်တော့ ပိုင်ရိထျန်းထည့်ပေးထားသော ဟင်းလျာများ တောင်လိုမောက်နေပြီး သူ့ခမျာ ထပ်မထည့်ပေးရန် တောင်းပန်နေရသည်။ ပိုင်ရိထျန်း ကတော့ အစားစားမှ မြန်မြန်နေကောင်းမည်ဟုဆိုပြီး ဟင်းလျာတွေတမျိုးပြီးတမျိုး ပန်းကန်ထဲထည့်ပေးလိုက် ယန်ဖုန်းရွှင့် ပါးစပ်ထဲ ထိုးထည့်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။
ယန်ဇီကျူး က သူ့အကို၏ ဟင်းလျာများကို ဝေဖန်ရင်း စားသောက်နေခဲ့ကာ ယန်ဇီယွမ် က ညီမဖြစ်သူထံမှ ဝေဖန်မှုများကို ပြန်လည်ချေပနေပေသည်။
ကျန်းစီကျူး ဟာ ထမင်းစားနေပေမယ့် စိတ်ကတော့ သူမအရှေ့မှ ယန်ဖုန်းရွှင့် နှင့် ပိုင်ရိထျန်း ထံရောက်နေသည်။ သူမအနေဖြင့် ယောကျာ်းနှစ်ယောက် ချစ်နှစ်သက်မှုကို မကြုံဖူးသေး၍ ထိုအရာက ထူးဆန်းအံ့ဩဖွယ်ရာဖြစ်လို့နေသည်။ တစ်ချက်တစ်ချက်လည်း သူမ ဆရာထံ လှည့်ကြည့်မိရင်း ခေါင်းကို မသိမသာခါမိနေပြန်သည်။
ထမင်းစားပြီးတော့ ရေနွေးသောက်ရင်း စကားစမည်ပြောဖြစ်ကြသည်။ ကျန်းစီကျူးက သူမ၏ အကြောင်းစုံကို ယန်ဖုန်းရွှင့် ထံဖွင့်ဟဝန်ခံခဲ့ပြီး ဖုံးကွယ်ပေးထားပါရန် အထပ်ထပ်တောင်းဆိုနေခဲ့သည်။ ယန်ဖုန်းရွှင့် နှင့် ယန်မောင်နှမက သူမကို ကတိအထပ်ထပ်ပြန်ပေးရင်း သူတို့လည်း နန်းတွင်းရေးရာကို ပတ်သက်ချင်စိတ်မရှိကြောင်းကို ဖွင့်ဟ၏။
ВЫ ЧИТАЕТЕ
ကံကြမ္မာနှင့်ယှဥ်၍
Исторические романыနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
