၁၀ ရက်တာမျှ ကုန်လွန်ပြီးနောက်မှာ နန်းမြို့တော်ဟာ အပေါ်ယံ စည်ကားမှုပြန်ဖြစ်လာပေမယ့် အတွင်းပိုင်းမုန်တိုင်းတွေက ရှိနေဆဲပင်...
ယခင်အိမ်ရှေ့စံ၏ ပုန်ကန်မှုဟာ မြို့တော်၏ လူတစ်ဝက်ခန့်ကို ပျောက်ကွယ်သွားစေခဲ့သည်။ အုပ်ချုပ်ရေးပိုင်းနှင့်မသက်ဆိုင်သော ကုန်သည်သူဌေးများပင် အမှုန်အမွှားဒဏ်ကိုခံကြရသေးသည်။ ဒီကိစ္စက ၁၀ ရက်အတွင်းပြီးမှာမဟုတ်သလို လှိုင်းတံပိုးတွေဟာလည်း ရှေ့ဆက်နေဦးပေမည်။
အိမ်ရှေ့စံ ပြစ်မှုကို အရှင်မင်းကြီး ကိုယ်တိုင်ပင် ဦးဆောင်ခဲ့ရပြီး ယန်ဖုန်းရွှင့် က ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့သည်။
သူ့အနေဖြင့် အနှောင်အဖွဲ့များကြားမှ ထွက်လာခဲ့ပြီး ထိုလူသားဖြင့်သာ ရှေ့ခရီးလမ်းကို ဆက်ချင်နေခဲ့တာ အမှန်အကန်ပင်..
ယန်ဖုန်းရွှင့် ဟာ အရှက်အကြောက်ကြီးသူဆိုပေမယ့် ဆုံးဖြတ်ချက်ကို ခိုင်အောင်လုပ်တက်သူပင်..သူက ပိုင်ရိထျန်း ထံ သူ့နှလုံးသားအပ်နှင်းပြီးကတည်းက ထိုလူသားကသာ သူ့ရဲ့မဏ္ဍိုင်ဖြစ်လာသည်။ သူက တပည့်အဖြစ်လည်း တူ နှင့် တူမ ထံသို့ သူတို့၏ ဆက်ဆံရေးအကြောင်းသေချာရှင်းလင်းခဲ့ပြီး လောကတခွင်၂ ဦးသားလှည့်လည်မည့်အကြောင်းကိုလည်း လူသိရှင်ကြားကြေငြာခဲ့သေးသည်။
ကျင့်ကြံခြင်းလောကတွင် လိင်တူစုံတွဲဆိုသည်မှာ ထူးဆန်းသည်တော့မဟုတ်ပေမယ့် ကြာပန်းဖြူလေး ယန်ဖုန်းရွှင့် က တိမ်လွှာဂိုဏ်းချုပ်လက်ထဲ ကျရောက်သွားသည်ကို စုပ်တသပ်သပ်နှမျောကြသလို ဝမ်းနည်းမျက်ရည်ကျကျသူများလည်း ဒုနဲ့ဒေးပင်...
ယန်ဖုန်းရွှင့် ၏ သတ္တိကိုတော့ အရမ်းလေးစားမိကြောင်း ကျန်းစီကျူး က ယန်ဇီကျူး ကို ထုတ်ဖော်ပြောနေခဲ့သည်။
သူ့မမှာတော့ တခုခုဆို တွန့်ဆုတ်နေတက်သည့် ဆရာဖြစ်သူကို အားမရတာတော့အမှန်ပင်..
သူမတို့တစ်တွေဟာ ယန်ဖုန်းရွှင့် ၏ အိမ်တော်တွင် လက်ရှိနေထိုင်ကြ၏။ နောက်၃ရက်တွင် ယန်ဖုန်းရွှင့် နှင့် သူမတို့ကို မင်းကြီးကိုယ်တိုင် စားပွဲကျင်းပပေးမည်မို့ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/208506452-288-k665559.jpg)
KAMU SEDANG MEMBACA
ကံကြမ္မာနှင့်ယှဥ်၍
Fiksi Sejarahနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...