ဝုန်း...
အခန်းတံခါးကို ခပ်ပြင်းပြင်းဆောင့်ပိတ်လိုက်မိပြီးနောက် ရန်ရိရှင်း အနည်းငယ်တည်ငြိမ်သွားသည်။ သူ က သူနဲ့မတူစွာပင် ဒေါသတွေ ထွက်နေခဲ့တာ...
ဖြစ်နိုင်ရင် သူ အခုချက်ချင်းပင် သွားမေးချင်သည်။ ငါ မင်းကို တကယ်သဘောကျတာကို မင်းက မယုံဘူးလား လို့...
ငါက မင်းကို အခု အခွင့်အရေး အနည်းငယ်ပေးထားတာ ..ငါ မင်းကို ငါ့အပိုင်မဖြစ်သေးခင် မင်းကို စဥ်းစားချိန် နောက်ဆုတ်ချိန်တွေ ပေးထားတာလို့လေ..
ငါတို့ နဂါးတွေဆိုတာ ပိုင်ဆိုင်လိုစိတ် အရမ်းပြင်းထန်တဲ့ မျိုးစိတ်..အဲ့စိတ်ကြောင့်ပဲ ကောင်းကင်ဘုံ အပြစ်ပေးမှုကို ခံခဲ့ရတာ..
ငါက မင်းဘက်က သေချာအောင် အချိန်နည်းနည်းပေးထားတာပါလို့...
ပြီးတော့ ခက်ခဲတာတွေ ရှိသေးတယ်လို့..
အဲ့အကြောင်းတွေ နားမလည်ပဲ ငါတို့အချစ်ရေးကိစ္စကို အားလုံးသိအောင်လုပ်ရတာလားလို့...
ဒေါက်...ဒေါက်...ဒေါက်...
" ရိရှင်း...ကျူးအော် လာတယ်.."
ကျန်းစီကျူး တံခါးကိုခေါက်လိုက်ပြီး ပြောလိုက်ပေမယ့် အထဲကလူက မတုန့်ပြန်ပေ...
သူ့ အသက်ရှုသံကို ခံစားမိနေပေမယ့် ထိုလူက သူမကို တံခါးမဖွင့်ပေး..
အိပ်ပျော်နေတာလား...
သူမတွေးလိုက်ပေမယ့် စည်းမချပဲ ဒီလူ မအိပ်တက်တာ သူမသိသည်။
" ရိရှင်း...ရှင် ဘာဖြစ်နေတာလဲ..အဆင်ပြေလား.."
ကျွီ...
တံခါးကို ဆွဲဖွင့်လိုက်ပြီး သူမကို ဆွဲသွင်းလိုက်သည်။
ရန်ရိရှင်းက ဆူပုတ်နေခဲ့သည်။ ကျန်းစီကျူး အံ့ဩသွားပြီး
" တခုခုဖြစ်လို့လား..ဆရာယန်နဲ့ အတူထွက်သွားတာ ဘာဖြစ်ခဲ့လို့လဲ.."
သူမက ထိုလူ့ကို စိုးရိမ်တကြီးမေးလိုက်သည်။
ရန်ရိရှင်းက သူမကို မျက်နှာချင်းဆိုင်စေပြီး
" ကျူးအော်... ကိုယ် မင်းကို မချစ်ဘူးလို့ ထင်လား.."
ကျန်းစီကျူး က ထိုစကားတွင် ကြောင်အသွား၏။
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
