ကျန်းစီကျူး နှင့် အစောင့်ဂိုဏ်းသားတွေဟာ ထိုမိစ္ဆာကို တိုက်နေပေမယ့် ထိန်းထားနိုင်ရုံမျှသာ..
ထို ထူးဆန်းသတ္တဝါ ကြီးက ခြင်္သေ့ နှင့် အလားသဏ္ဍာန်တူသည်။ အမှီးက ဝံပုလွေအမှီးပုံစံဖြစ်ကာ အမွှေးအစား ဆူးချွန်များက နေရာယူထားသည်။ သူ၏ ကြီးမားသော လက်သည်ရှည်တွေက သိမ်းငှက်လက်သည်းကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ် ကလည်း ဆင်တစ်ကောင်နီးပါး ကြီးမားသည်။ မွဲခြောက်ခြောက် အနက်ရောင်ရှိပြီး သူ၏ မျက်လုံးများကတော့ အလျံညီးညီးတောက်နေသည့် မီးလျှံကဲ့သို့ပင်..သူ၏ တစ်ကိုယ်လုံးက ပြင်းထန်သော မိစ္ဆာ အငွေ့အသက်များကို ထုတ်လွှတ်နေပြီး အဝေးမှလှမ်းကြည့်လျှင် အနက်ရောင် မီခိုးလုံးကြီးပမာ ဖြစ်နေသည်။
သူက လက်သည်းရှည်ကြီးတွေနှင့် တိုက်ခိုက်ပြီး အမှီးဖြင့်လည်း ရိုက်ထုတ်ခြင်းကိုပြုလုပ်သည်။ သေဆုံးနေသော အစောင့်ဂိုဏ်းသားတွေ၏ ခန္ဓာကိုယ် ပေါ်တွင် သူ့အမှီးမှ ဆူးချွန်အရာများကို တွေ့ရသည်။ ကြည့်ရသည်မှာ ဒီသတ္တဝါ ကြီး၏ အဓိက လက်နက်က အမှီးဖြစ်ပုံရသည်။ ရှည်လျားပြီး လှုပ်ရှားမှုကလည်း အင်မတန်မြန်သောကြောင့် တကယ့်ကို ရင်ဆိုင်ရခက်ခဲသော သတ္တဝါပင်..
ကျိုးထုံက တိုက်ပွဲအတွင်း ခုန်ဝင်သွားပြီး ကျန်းစီကျူး က သူ့ကို မြင်လိုက်သည်နှင့် အားတက်သရော နှုတ်ဆက်လိုက်သည်။
" အားထုံ..နင်တို့လာပြီလား..နောက်ကျလိုက်တာ..ငါတို့ ဒီမှာ သေကုန်တော့မလို့.."
သူမက သတ္တဝါကြီးဆီ သူမ၏ ဓားမြှောင်အသေးလေးကို ပစ်လွှတ်တိုက်ခိုက်လိုက်ရင်း ဆိုသည်။ ဓားမြောင်က သတ္တဝါ ကြီး၏ ခန္ဓာကိုယ် ကိူ မထိလိုက်ခင်မှာပဲ အမှီး၏ ရိုက်ချက်ကြောင့် ပြန်လည် လွင့်ထွက်လာသည်။ သူမက အသာအယာ ပြန်လည် ဖမ်းယူလိုက်ရင်း သူမ လက်ထဲမှ ဓားမြောင်နှစ်ချောင်းကို တပြိုင်နက်ပြန်လည် ပစ်ထုတ်လိုက်ပြန်သည်။
" ငါ အနီးကပ် ဝင်တိုက်မယ်..နင် သူ့အမှီးကို ကြည့်ထားပေး.."
ကျိုးထုံက ဓားသုံးတိုက်ခိုက်သမားမို့ အနီးကပ်တိုက်ခိုက်သည်။ ကျန်းစီကျူး ကတော့ အဝေးမှနေ၍ ဓားမြှောင်ဖြင့် သတ္တဝါ ကြီးကို အာရုံလွှဲမှုပြုလုပ်သည်။ သူမက လျင်မြန်စွာ လှည့်ပတ်သွားလာနေပြီး သူမ၏ လျင်မြန်မှုက သူမကို အရိပ်ကလေးတစ်ခုပမာ ဖြစ်စေသည်။ အနောက်မှ လိုက်လာသော ကျင့်ကြံသူ အုပ်စုကြီးဟာ ဝင်ရောက်တိုက်ခိုက်ခြင်းမပြုသေးပေ။ သူတို့က စောင့်ကြည့်နေကြပြီး သူတို့ကို တိုက်ရိုက်မထိသေးသ၍ ပါဝင်ကြဦးမည် မဟုတ်ပေ။ သတ္တဝါ ကြီးနဲ့ တိုက်ခိုက်လို့ မတော်တဆ ထိခိုက်ဒဏ်ရာရ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရင် မီးလျှံတောင်ကြား မိစ္ဆာနယ်မြေ သို့ဝင်ရောက်ရန် အင်အား လျော့နည်းသွားမည်ကို စိုးရိမ်သည်က တစ်ကြောင်း..အခုတိုက်ခိုက်နေတာက ကောင်းကင်ဓားဂိုဏ်း က လူတွေပြီးပဲမို့ သူတို့ဂိုဏ်းသားတွေ ထိခိုက်ဒဏ်ရာရရင် တောင်ကြားပြိုင်ပွဲမှာ သူတို့ အသာစီးပိုရနိုင်ခြင်းက တစ်ကြောင်းကြောင့် စောင့်ကြည့်ခြင်းအမှုကိုသာ ပြုလေသည်။
ESTÁS LEYENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficción históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...