တစ်လတာကာလအတွင်းမှာ ကျန်းစီကျူး က တကယ်ပဲ ချန်ယွင်နှင့် ရင်းနှီးလာခဲ့တယ်။ သူမက ငယ်စဥ်တုန်းကလို မပြောင်းလဲသေးသည့် ချန်ယွင်၏ စိတ်သဘောထားကို တွေ့မြင်နိုင်ခဲ့သည်ဟု မှတ်ယူထားသည်။
" ကျိုးမိန်းကလေး ရဲ့ ဆရာက ဘယ်လိုမျိုးလဲ "
မြို့အရှေ့ဘက်ခြမ်းက ကြာရေကန်ဟာ အေးချမ်းလှပပြီး သာယာမှုရှိသောကြောင့် မြို့နေလူထုဟာ လာရောက်အပန်းဖြေလေ့ရှိသည်။
ကျန်းစီကျူး နှင့် ချန်ယွင်က ကြာကန်အနီးရှိ ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်နေကြပြီး စကားကောင်းနေကြခြင်းဖြစ်သည်။
ချန်ယွင်၏ မေးခွန်းကြောင့် သူမ စားလက်စ ဖရုံစေ့၏ အခွံကို မှုတ်ထုတ်လိုက်ရင်း ပြန်ဖြေလိုက်သည်။
" ဆရာ..ကျွန်မ ဆရာလား..သူက နည်းနည်းထူးဆန်းတဲ့လူ..ကြောင်တောင်တောင်လည်း နိုင်တဲ့လူ.."
" ဟက်..ဟက်..ဘယ်လိုတပည့်က ဆရာ့ကို အဲ့လိုပြောလို့လည်း..ကျိုးမိန်းကလေး ရဲ့.."
" တကယ်ပြောတာ..ကျွန်မ ဆရာက ထူးဆန်းပြီးကြောင်တောင်တောင်နိုင်တယ်..သူက လူတွေကို ဂရုမစိုက်တက်ဘူး..သူ့စိတ်ထဲမှာ အမြဲရှိတာက တိရစ္ဆာန် တွေနဲ့ တောတောင်ရေမြေတွေပဲ..တပည့်တစ်ယောက်ကို ဘယ်လိုမွေးမြူရမှန်းလည်း မသိသလို ပျောက်သွားရင်လည်း လိုက်ရှာရကောင်းမှန်းမသိဘူး..."
" အဟား..ကျွန်တော်က ကျိုးမိန်းကလေး ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ့် မေးခွန်းမေးမိတယ် ထင်တယ်.."
" မဟုတ်ပါဘူး..ရပါတယ်..ကျွန်မဆရာနဲ့ ကျွန်မကြားမှာ ကိစ္စလေး နည်းနည်းရှိလို့ သူ့ကို မကောင်းပြောမိသွားတာ..တကယ်တော့ သူက စိတ်ထားနူးညံ့တဲ့လူပါ..ကျွန်မအတွက် ထမင်းဟင်းတွေလည်း ချက်ကျွေးတယ်..သိုင်းပညာလည်း သင်ပေးတယ်..ကျင့်ကြံခြင်းနည်းလမ်းမှတ်ကိုလည်း သူပဲရွေးချယ်ရှာပေးခဲ့တာ..သူက တကယ်ကောင်းတဲ့သူပါ..ကျွန်မကသာ.."
သူမက ကယောင်ကတမ်းဖြစ်နေသောလူကဲ့သို့ပင် သူမဆရာ၏ အကြောင်းကို အမျိုးမျိုးပြောဆိုနေခဲ့သည်။ ကြည့်ရတာ သူမ နှင့် သူမ ဆရာအကြား နားလည်မှုတွေ လွဲခဲ့သည်ထင်..ဒီအတောအတွင်း သူမဆရာအကြောင်း စကားစပ်မိတိုင်း သူမ၏ တုံ့ပြန်မှု တွေက အမျိုးမျိုးပင်..တခါတရံ စိတ်ရှုပ်ထွေးပုံရပြီး တခါတရံ သတိရလွမ်းဆွတ်နေသလို..တခါတရံ နောက်တခါမတွေ့ရတော့မည့်လူလို တခါတရံ လည်း သူမဆရာကောင်းကြောင်းတွေ ပြန်ပြောင်းပြောနေတက်သည်။

YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...