ချောမောလှပခြင်းဟာလည်း အာရုံနောက်စရာတစ်ခုပေပဲ.

247 20 0
                                    

..ယန်ဖုန်းရွင့် ဦးဆောင်သော အဖွဲ့ဟာ များမကြာခင် ကောင်းကင်ဓားဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာပြီး သူတို့ဖမ်းဆီးလာခဲ့သော စတုထ္ထအကြီးအကဲ ကို ဂိုဏ်းချုပ်ဟုန်ရွှီ လက်သို့ ဝကွပ်အပ်ခဲ့ရသည်။

ယန်ဖုန်းရွင့်က တိကျသေချာသော အပြစ်ပေးဆုံးဖြတ်မှုကို မကြားသိခဲ့ရပေမယ့် ဂိုဏ်းအတွင်း ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်နေသောကြောင်​့ သူ ဝင်ရောက်စွတ်ဖတ်ခြင်းငှာ မတက်နိုင်ပေ...
သူက မချိတင်ကဲ ဖြစ်ရင်းသာ ထိုဂိုဏ်းအတွင်းမှ အလျင်အမြန်ပြန်ထွက်လာခဲ့လေသည်။ သူက သူ့တပည့်ဟောင်းအပေါ်လည်း စိတ်ပျက်မှုတွေများစွာ ရရှိခဲ့ပြီး ထို အတ္တကြီးပြီး မာန်မာနထောင်လွှားကာ စိတ်ပျက်ညီးညူဖွယ် ထောင်လွှားနေသော ဂိုဏ်းနှင့် နောက်တစ်ကြိမ်မပတ်သတ်မိအောင် နေမည်ဟုသာ သံဓိဋ္ဌာန်ချမှတ်လျက်...

သူတို့ကို စိတ်ပျက်ပြီး ထွက်သွားသော ယန်ဖုန်းရွင့် နှင့် ယန်မောင်နှမ ကို ကြည့်ရင်း ကျိုးထုံကတော့ အားတုံ့အားနာဖြစ်မှုတွေ ခံစားနေရသည်။ ဒီတစ်ကြိမ်ပြသာနာက သူတို့ဂိုဏ်းက စတင်ခဲ့ပေမယ့် အပြင်လူက ဝင်ရောက်​ဖြေရှင်းပေးခဲ့ရပြီး နောက်တော့လည်း ကျေးဇူးတင်မခံရသည့်အပြင် ရိုင်းပျမှုတွေကိုပါ ခံစားခဲ့ရသည်။ သူ့ဆရာက ဂိုဏ်းအတွင်းမိသားစုရေးရာ ကိစ္စမို​့ ဆရာယန်တို့ ဝင်မပါလည်း ရပါတယ်ဟု ဆိုလိုက်ချိန်တွင် ယန်ဖုန်းရွင့် နှင့် တပည့်နှစ်ယောက်က အစော်ကားခံရသည်ဟု ထင်ကြမှာ မလွဲပေ။ ကျင့်ကြံခြင်းလောက တွင် ကျင့်ကြံသူတို့က ခင်မင်ရင်းနှီးမှုတွေကို ဂရုမစိုက်ကြသော်လည်း သူကတော့ မိတ်ဆွေ ဆိုသည်မှာ အရေးပါသည်ဟု မှတ်ယူထားသည်။

တောင်ခြေကို တရွေ့ရွေ့ဆင်းသွားသော ပုံရိပ်လေး ၃ ခုကို ကြည့်နေရင်းမှပင် စိတ်ထဲမှ လစ်ဟာမှုတွေကိုလည်း ခံစားလိုက်ရသည်။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ခွဲခွာရခြင်းဟာ တကယ်ကို စိတ်ထိခိုက်ဝမ်းနည်းစရာပါပဲ...

………

လေတိုးသံ တဝှီဝှီကြားရလောက်အောင်ပင် အရှိန်ကို မြှင့်တင်ထားသည်။ သစ်ပင်တွေ ချုံနွယ်ပိတ်ပေါင်းတွေက သူမ၏ အနောက်မှာ ကျန်ရှိနေခဲ့ရင်း အနောက်မှ အော်ခေါ်သံများက တဖြည်းဖြည်း ဝေးကွာလာခဲ့သည်။ သူမရှေ့မှ ချောက်ကမ်းပါးကို မြင်ရတဲ့ အချိန်အထိ သူမပြေးနေခဲ့သည်။ ချောက်ကမ်းပါးအစွန်းမှာ ရပ်၍ အမောဖြေနေခဲ့ပြီးနောက် အနောက်ကိုလှည့်ကြည့်လိုက်တော့ ရှောင်ဖန်း နဲ့ ကလေးတစ်သိုက်ဟာ အမောဖြေရင်းပတ်လန်တောင်လန်နေကြပြီ...

ကံကြမ္မာနှင့်ယှဥ်၍Donde viven las historias. Descúbrelo ahora