" အဲ့မြွေကို ချထားလိုက်စမ်းပါ.."
" အယ်..ဒီလောက် လှတာကို..သေချာကြည့်.."
ယန်ဇီကျူး က အကိုဖြစ်သူကို မြွေနှင့် လိုက်လံ စနောက်နေခဲ့သည်။ သူမအကိုက အသန့်အပြန့်ကြိုက်သူဖြစ်လို့ ဤကဲ့သို့ ချွဲကျိကျိသွေးနီရောင် အရေခွံ နှင့် လူခေါင်းနှင့်တူသော ခေါင်းနှစ်လုံးကို ပိုင်ဆိုင်ထားသည့် မြွေကို ရွံမည်မှာ သေချာသည်ပင်...
" ခဏ.."
ယန်ဇီယွမ် က ညီမဖြစ်သူ၏ လက်ကို ဖမ်းချုပ်လိုက်ရင်း တစ်ချိန်တည်းမှာပင် အမူအယာက တည်ငြိမ်သွားသည်။ ယန်ဇီကျူး က သူ့အကို စိတ်အရမ်းဆိုးသွားသလားဟု ထင်၍ စကားပြောရန် ပါးစပ်ဟလိုက်ချိန်တွင် ယန်ဇီယွမ် က တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
သူမလည်း ထိုအခါမှ ပတ်ဝန်းကျင် ၏ ရုတ်တရက် ညိမ်သက်တိတ်ဆိတ်နေမှုကို သတိထားမိလေသည်။ အခုဆိုရင် ဤ တောအတွင်း လေတိုးသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေပြီး ထိုအရာက ကောင်းသောအချဥ်းအရာတော့မဟုတ်ပေ။ မောင်နှမ နှစ်ယောက်ဟာ ကျောခြင်းကပ်အနေအထားဖြင့် သတိထား၍ ကိုယ်စီလက်နက်တွေကိုလည်း ဆွဲကိုင်ထားလိုက်ကြသည်။
လက်နက်တွေဟုဆိုရာတွင် ယန်ဇီယွမ် က ကျင်းလင်းချီ ဟုအမည်ရသော ယပ်တောင်ကို အသုံးပြုတိုက်ခိုက်ပြီး ယန်ဇီကျူး ကတော့ သူမ၏ ခန္ဓာကိုယ်မှ အဆိပ်ကို သုံး၍ တိုက်ခိုက်ခြင်းဖြစ်သည်။ သူတို့မောင်နှမက အမွှာဖြစ်ပြီး သူတို့ကို ကိုယ်ဝန်ဆောင်နေချိန်အတွင်း မိခင်က အဆိပ်ခပ်လုပ်ကြံခြင်းကို ခံခဲ့ရသည်။ မွေးဖွားခါနီးအချိန်ထိ ခက်ခက်ခဲခဲ အဆိပ်ကိုထိန်း၍ နေခဲ့ရပြီး သူတို့မောင်နှမကို မွေးဖွားပြီးချိန်မှာတော့ မိခင်သေဆုံးသွားခဲ့သည်။ အဆိပ်၏ ဒဏ်ကြောင့် ယန်ဇီယွမ် က မွေးဖွားချိန်တွင် အလွန်အားနည်းချိခဲ့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ယန်ဇီကျူး က အဆိပ်ကို နိုင်သည့် ခန္ဓာကိုယ် ကို ပိုင်ဆိုင်ခဲ့သည်။ မိခင်မရှိတော့တဲ့ ကလေးနှစ်ယောက်ဟာ ဖခင်ရဲ့စောင့်ရှောက်မှုအောင်မှာ ၁၀ နှစ်နေခဲ့ပြီးနောက် ဦးလေးတစ်ဖြစ်လဲ ဆရာ ဖြစ်သူ ယန်ဖုန်းရွင့် လက်ထဲသို့ရောက်ရှိလာခဲ့သည်။
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
