ဘာလိုလိုနဲ့ နေ့ရက်တွေကုန်ဆုံးမှုက မြန်နေခဲ့သည်။ ထိုနေ့ နောက်ပိုင်း ကျန်းစီကျူး နှင့် ရန်ရိရှင်းက တစ်ဦးကိုတစ်ဦး သိသိသာသာပင် ရှောင်ရှားနေခဲ့သည်။
မနက်တိုင်း ကျန်းစီကျူး အိပ်ရာနိုးချိန်တိုင်း ရန်ရိရှင်း၏ စာတစ်စောင်သာလက်ခံရရှိလေ့ရှိပြီး ထိုစာထဲမှာ သူမအတွက် သင်ခန်းစာတွေနှင့် ဆုံးမသွန်သင်မှူတွေကို ရေးထားတက်သည်။
သူမက ဤအခြေအနေကြောင့် ပိုမို၍ စိတ်တင်းကျပ်လာခဲ့ရသည်။ ပြီးတော့ သူမ ပိုသိလာရသည့် အကြောင်းနောက်တစ်ခုက သူမအနေနှင့် ရန်ရိရှင်း ကို ဆရာတစ်ယောက်အနေနှင့် မမြင်တော့ချင်းပင်။ မနက်တိုင်း စားပွဲပေါ်မှာပြင်ထားသည့် မနက်စာနှင့် ခေါက်ချိုးထားသည့် စာရွက်တစ်ရွက်က သူမ၏ နှလုံးသားလေးကို နာကျင်စေခဲ့သည်။ သူမ တကယ်ကြီး ဆရာသခင်၏ မျက်နှာကို တမ်းတမိနေသည်။ တစ်ချိန်က သူမကို ဆူပူခဲ့တာတွေ ဂရုစိုက်ပေးမှုတွေ အပြစ်ပေးမှုတွေ ကြင်နာမှုတွေက သူမ၏ အသိဉာဏ်အတွင်း စိုးမိုးလို့နေသည်။
၂ လ..
၂ လ တောင်ရှိပြီ..ဆရာ့ရဲ့ မျက်နှာကိုမမြင်ရတာ..တစ်ညလုံးမအိပ်ပဲ ဆရာပြန်လာချိန်ကို စောင့်နေပေမယ့်လည်း..တကယ်တမ်းတော့ ထွက်မတွေ့ရဲပေ..ညဥ့်နက်နက် အလင်းရောင်ဝိုးတဝါးအောက်မှာ ဆရာ့ရဲ့ တောက်ပတဲ့မျက်လုံးလေးတွေကိုတော့ မှန်းဆလို့ရနေဆဲပင်..သစ်လုံးအိမ်ရှေ့မှာ ခေတ္တခဏရပ်နားပြီး.ပြန်လည်ထွက်ခွာသွားတဲ့ ခြေလှမ်းတွေကို လှမ်းတားဖို့တော့ သူမ သတ္တိမရှိပါပေ..သူမက မိန်းကလေးတစ်ယောက်ဖြစ်နေပြီး..သူမတို့က ဆရာတပည့်လည်းဖြစ်နေခဲ့သေးသည်။
ကျန်းစီကျူးက အိပ်ရာပေါ်မှာ အတွေးပေါင်းစုံနှင့် လူးလှိမ့်နေရင်းမှ ထထိုင်လိုက်ပြီး သူမ၏ တစ်နေ့တာ ကျင့်ကြံမှုတွေကို စတင်လုပ်ဆောင်တော့သည်။ ဒါပေမယ့်လည်း ခဏတာမျှ တရားထိုင်ပြီးနောက်မှတော့ သူမကစိတ်ကိုလျှော့ချလိုက်သည်။ အတွေးပေါင်းစုံ၏ တိုက်ခိုက်မှုက သူမ၏ အာရုံစူးစိုက်မှုကို လျော့ကျစေပြီး အနှောင့်အယှက်ပေးနေသည်။ ဒီ ၂ လတာကာလအတွင်း သူမ၏ ကျင့်ကြံဆင့်က ထပ်မံတိုးတက်လာခြင်းမရှိခဲ့။ သူမ၏ စိတ် နှင့် နှလုံးသားတစ်စုံက အနားမရနိုင်သောကြောင့်ဖြစ်သည်။ သူမက ကုတင်ပေါ်မှ ဆင်းကာ သစ်လုံးအိမ်အပြင်ဘက် တွင် ခန္ဓာကိုယ်အသုံးပြုသည့် သိုင်းလေ့ကျင့်မှုကိုသာ လုပ်နေတော့သည်။
စိတ်ထဲမှ တင်းကျပ်မှုများက ဓားခုတ်လေ့ကျင့်ရာ သစ်သားရုပ်ကို ကျိုးထွက်သွားစေခဲ့သည်။ သူမတစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေခဲ့ပြီး ခြေပစ်လက်ပစ်ပင် ပစ်ထိုင်ချလိုက်သည်။ သူမ၏ မျက်နှာမှာတော့ ချွေးများအပြင် ပူနွေးသည့်မျက်ရည်စီးကြောင်းတစ်ခုက နေရာယူထားပေသည်။
၂ လတာအတောအတွင်း သူမအကြိမ်ကြိမ်အခါခါစဥ်းစားကြည့်တိုင်း အဖြေထွက်လာသည်က သူမဆရာအပေါ် အချစ်ဟူသည့်ခံစားချက်ရှိနေသည်မှာ သေချာသည်။ ဘယ်အချိန်ကတည်းက ထိုခံစားချက်တွေ ဖြစ်ပေါ်လာသည်ကို မသိပေမယ့် ထိုအရာက နှစ်ရှည်ချည်နှောင်ထားသည့် သံယောဇဥ်တွေကြောင့် လည်းပိုခံစားရသည်။ သူမက သူမ၏ခံစားချက်တွေကို တဲ့တိုးရှင်းပြစ်ချင်ပေမယ့် သူမဆရာကသာ သူမအပေါ် တပည့်ထက်မပိုသည့် ခံစားချက်သာ ဖြစ်ခဲ့မည်ဆိုလျှင်...သူမ ဆက်မတွေးနိုင်တော့ပေ...ထိုအချိန်တွင် ဖြစ်ပေါ်လာမည့် အခြေအနေက တစ်သက်လုံး ထိုလူ့မျက်နှာကို မြင်ခွင့်မရှိတော့လောက်အောင် ဖြစ်သွားနိုင်ပေသည်။
သူ့ဘက်က ခံစားချက်ကို ရေရေရာရာမသိရပဲ ရှေ့တိုးဖို့ဆိုတာ မဟာစွန့်စားခန်းကြီးတစ်ခုဖြစ်နေပေသည်။ ဒီအတိုင်း ဆရာတပည့် အနေနဲ့ပဲ ခံစားချက်တွေကို မဖော်ထုတ်ပဲနေသွားမလား..တဲ့တိုးရှင်းလိုက်ပြီး ဖြစ်လာသမျှကို ရင်ဆိုင်ရမလား...လွန်ဆွဲနေသည်။
ВИ ЧИТАЄТЕ
ကံကြမ္မာနှင့်ယှဥ်၍
Історичний романနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
