105

372 10 0
                                        

နေမဲ့ကမ္ဘာ အစီအရင်ဟာ အသက်ဝင်လာပြီးနောက်မှာ ဖျက်ဆီးရန် ခက်ခဲသော အစီအရင်တစ်ခုပင်.

ဒါဟာ ကောင်းကင်ဓားဂိုဏ်း၏ ကိုယ်ပိုင်ဟန်တစ်ခုဖြစ်ပြီး ဖျက်လို့ရမည့် နည်းလမ်းတွေကို သိတာတောင် အချိန်တခုတော့ပေးရမည် မလွဲပေ.

အတွင်း နှင့် အပြင် ခွဲခြားခံလိုက်ရပြီး သူတို့က တစ်ဖက်လူ၏ ထိန်းချုပ်မှုအတွင်း ကျရောက်သွားခဲ့၏။

စည်းအတွင်းရှိ တိုက်ပွဲက စတင်ပြင်းထန်လာခဲ့သည်။

ချန်ယွင် က ကျိုးထုံ နှင့် ယန်ဖုန်းရွှင့် တို့အား ကူညီပြီး တိုက်ပေး၏။

ဒါပေမယ့်လည်း သူတိုက်နေရသူတွေက သူနှင့် တဂိုဏ်းတည်းသားတွေမို့ အသက်မသေစေပဲ ဒဏ်ရာရရုံသာ ရည်ရွယ်သည်မို့ သူ့ဓားက ထင်သလောက် မသွားနိုင်ပေ.သူက ဓားကိုပင် ဆွဲမထုတ်ပဲ ဓားအိမ်ဖြင့်သာ တိုက်ခိုက်နေ၏။..သူ့ကို တားဆီးနေသည့် ကောင်းကင်ဓားဂိုဏ်းသားတွေကလည်း သူ့ကို ပိတ်ဆို့ဖို့သာ ရည်ရွယ်ထားသည်

ကျိုးထုံကတော့ အသက်ချင်းယှဥ်နေရပြီမို့ ဂရုမစိုက်နိုင်တော့

ယန်ဖုန်းရွှင့် က ယန်မောင်နှမ ကို အရှုပ်ထွေးတွေထဲ တက်နိုင်သလောက် မပါစေချင်တာမို့ သူလည်း ကာကွယ်ရေးကိုသာ ဦးစားပေး၏။ သူက အခု ကုအကြီးအကဲကို ယှဥ်ပြီး တားဆီးပေးနေရ၏။

ကျိုးထုံဆီမှာ ရှိနေသည့် ကျန်ဂိုဏ်းသားများက ကျင့်ကြံဆင့်မမြင့်ပေမယ့် အဖွဲ့လိုက်တိုက်ခိုက်ရေး ကောင်းကြသူတွေမို့ ကျိုးထုံမှာလည်း မလွယ်ကူနေပေ..

သူက သူ၏ဓားကို ဝှေ့ရမ်းပြီး တစ်ချက်လေးမှ မပေါ့ဆရဲပေ..သူက ဒီဂိုဏ်း၏ တိုက်ခိုက်ရေးနည်းဗျူဟာတွေကို သိနေပေမယ့်လည်း တကယ်တမ်းယှဥ်တိုက်ရတော့ ကြာလေ သူ့အတွက် အကျိုးယုတ်မည်ကို နားလည်ထား၏။

ချန်ယွင်က အခြေအနေကိုတွက်ဆပြီးနောက် သူ ညှာတာနေလျင် အချိန်ပိုကြာပြီး ကျိုးထုံ အတွက် မကောင်းနိုင်တာကို သိသည်။ အနည်းဆုံးတော့ သူ ဘာမှ မရှင်းလင်း မတိကျသည့် အကြောင်းအရာတွေဖြင့် သူ့ ဆရာတူညီလေးကို မသေစေချင်ပေ။ ​သူတို့နှစ်ယောက်က အရမ်းချစ်ခင်နေကြသည်မဟုတ်ပေမယ့် ကောင်းမွန်တဲ့ အတိတ်တွေတော့ရှိခဲ့ကြသေးသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Dec 21, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ကံကြမ္မာနှင့်ယှဥ်၍Tempat cerita menjadi hidup. Temukan sekarang