ပိုင်ရိထျန်း ၂

188 19 3
                                    

တရုတ်ဇီးပန်းပင်များအောက်က အိမ်လေး၏ ခြံဝင်းသို့မဝင်ခင်မှာပင် သူတို့တွေ ယန်ဖုန်းရွှင့် ကို မြင်နေရပေပြီ..ယန်ဖုန်းရွှင့် က ပြုံးတုံ့တုံ့အမူအယာဖြင့်သာ သူတို့ကိုလှမ်းကြိုလေ၏။

ကျန်းစီကျူး ဟာ ယန်ဖုန်းရွှင့် ကို တစ်ခါမျှ မမြင်ဖူးသေးပင်. ယန်ဖုန်းရွှင့် ၏အလှတရားဟာ မိန်းကလေးတွေထက်ပင် ပိုသေးသည်ဟု ပြောသော စကားများဟာ အလိမ်အညာမဟုတ်ကြောင်း သူမ သိလိုက်ရလေပြီ..သူမက ခြံဝင်းထဲသို့ ဝင်ရောက်ချိန်မှစ၍ ယန်ဖုန်းရွှင့် ကို မျက်တောင်မခက်တမ်း ကြည့်ငေးနေခဲ့သည်။

ချောလိုက်တာ..မဟုတ်ဘူး..လှတာ..တကယ်လှပြီး ဆွဲဆောင်မှုရှိတယ်.. သူမရဲ့ ဆရာလည်း ချောတဲ့အထဲပါပေမယ့် ယန်ဖုန်းရွှင့် လှပုံနှင့်တော့ တမူကွဲပြားနေသေးသည်ပင်.သူမဆရာက ချောပေမယ့် အေးစက်စက်အမူအယာတွေပြည့်နှက်နေပြီး ယန်ဖုန်းရွှင့် သူကတော့ မျက်နှာမြင်လိုက်သည်နှင့် ကြည့်မိသူကို စိတ်နှလုံးပျော်ရွှင်သွားစေသည့် စွမ်းအားမျိုး ရှိနေသည်။

.သူမက ရန်ရိရှင်းကို ပြန်လှည့်ကြည့်မိပြီး မျက်လုံးပြာများက သူမကိုစူးစိုက်ကြည့်နေတာတွေ့လိုက်ရသည်။ သူမက တံတွေးကိုမသိမသာ မြိုချလိုက်မိပြီး ယန်ဖုန်းရွှင့် ကို ထပ်မံ မကြည့်ရဲတော့ပေ..သူမဆရာ ၏ မျက်လုံးအကြည့်ကိုမြင်သည်နှင့် ယန်ဖုန်းရွှင့် ကို ဆက်ငေးကြည့်နေလျှင် ထရိုက်သတ်ခံရမည့် သဘောပင်.

" ဆရာ.."

ယန်ဇီကျူး က ပေါ့ပါးသွက်လက်စွာ ဆရာဖြစ်သူကို နှုတ်ဆက်ရင်း ယန်ဖုန်းရွှင့် ရှိရာထံသို့ပြေးသွားသည်။ ဒါပေမယ့် လက်တစ်ဖက်က သူ့ကို ဟန့်တား၍ နောက်သို့ဆွဲချလိုက်ပြီး ကျော်တက်သွားသည်မှာတော့ ပိုင်ဂိုဏ်းချုပ် ပင် ..

" အားရွှင်..အပြင်မှာ လေစိမ်းတွေတိုက်နေတာ မင်း..အအေးမိဦးမယ်."

ပိုင်ဂိုဏ်းချုပ်က ချိုသာပျော့ပျောင်းလွန်းသော အသံဖြင့် ဆိုရင်း ယန်ဖုန်းရွှင့် ၏ ဆံပင်ပေါ် တင်ကျန်နေသော ဇီးပန်းပွင့်ဖက်လေးကိုလည်း ဖယ်ရှားလိုက်သည်။

ကံကြမ္မာနှင့်ယှဥ်၍Hikayelerin yaşadığı yer. Şimdi keşfedin