မိုယန်းမြို့
လာသမျှလူတိုင်းကို မှင်သက်စေသည့်အလှအပများနှင့် တစ်တိုင်းပြည်လုံးရှိ ကျင့်ကြံသူအများစုနေထိုင်ရာ..ထူးဆန်းသော ကုန်ပစ္စည်းတွေ..တိရစ္ဆာန် တွေ သာမာန်လူသားတွေမမြင်ဖူးသည့် လက်နက်ကိရိယာများက လူတိုင်းကို အံဩမှင်သက်စေ၏။ ဒါ့အပြင် လူတိုင်းနာမည်ကြားရုံနှင့် လေးစားကြောက်ရွံ့ရသော ကောင်းကင်ဓားဂိုဏ်း တည်ရှိရာမြို့၊ ထူးဆန်းထွေလာ မိစ္ဆာတွေ ထွက်ပေါ်လာတက်သည့် မရဏငရဲမြစ်..ဒီအရပ်ဒီဒေသတွင် သာမာန်လူများ နေထိုင်သည်မှာ နည်းပါးလွန်းသည်။ နေတဲ့လူတွေကလည်း ကျင့်ကြံသူတွေနှင်ြ အဆက်အစပ်ရှိတဲ့သူများသာ...
ကျန်းစီကျူးတစ်ယောက် မြို့အဝင်မှာ ရပ်ပြီး အံ့ဩဘနန်းမှင်သက်မိနေ၏။ ဒီမြို့က အားထုံ ပြောပြထားသည်ထက် အများကြီး အများကြီး ပိုဆန်းကြယ်နေတယ်..မြို့ထဲကို တဖြည်းဖြည်းလမ်းလျှောက်ဝင်သွားပြီးနောက် ကောင်းကင်ယံထက် ဓားပျံစီးပြီး သွားလာနေသူတွေ..သူမ မမြင်ဖူးတဲ့ တိရစ္ဆာန်ကောင်လေးတွေကို ခေါ်သွားခေါ်လာလုပ်နေသူတွေ..ဘာလုပ်လို့ရမှန်းမသိသော ပစ္စည်း မျိုးစုံကို ရောင်းချေနသူတွေ..မွှေးကြိုင်လှတဲ့ အစားအသောက်အနံ့တွေက သူမကိုယ် ကမ္ဘာအသစ်တစ်ခုဆီ ခေါ်ဆောင်သွားသလိုပင်..
သူမက မြို့ထဲတစ်လျှောက် လှည့်လည်သွားလာပြီးနောက် စျေးသင့်မည်ထင်ရသော တည်းခိုခန်းတစ်ခုကို ရွေးချယ်လိုက်သည်။ တည်းခိုခန်းတွင် အခန်းငှားလိုက်ပြီး ရေချိုးသန့်စင်လိုက်သည်။ အဖြူနှင့် အပြာရောင်စပ်ထားသော အမျိုးသားဝတ် ဝတ်စုံကို ဝတ်ဆင်လိုက်ပြီးနောက် ဆံပင်ကိုလည်း ငွေထည်နှင့် ကျောက်အပြာများဖြင့်အလှဆင်ထားသော ကလစ်တစ်ခုဖြင့် ခပ်မြင့်မြင့်မြှောက်စည်းလိုက်၏။ နဖူးအစပ်က ဆံစလေးများကို သိမ်းလိုက်ရင်း သူမကိုယ်သူမ ကျေနပ်အားရစွာ ကြည့်လိုက်သည်။ အခုလို လှလှပပ သပ်သပ်ရပ်ရပ်ပြုပြင်ရခြင်းအကြောင်းက အခြားမဟုတ်..သူမ ကောင်းကင်ဓားဂိုဏ်းသို့သွား၍ ကျိုးထုံ ဆီသွားလည်ရန်ဖြစ်သည်။
သူမက တည်းခိုခန်းအတွင်းမှ သွက်လက်စွာထွက်လာခဲ့ပြီး ကောင်းကင်ဓားဂိုဏ်း ရှိရာသို့ ဦးတည်လိုက်သည်။ ကောင်းကင်ဓားဂိုဏ်း၏ မုဒ်ဦးမှ အစောင့်ကို ကျိုးထုံဆီအကြောင်းကြားပေးရန် ပြောပြီး စောင့်ဆိုင်းနေသော သူမ...
ESTÁS LEYENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficción históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
