အချစ်ကို နားလည်ချင်မိတယ် ၂

367 38 0
                                        

ခြံဝင်းထဲမှာ ကျန်းစီကျူး တစ်ယောက်ရပ်တန့်နေရင်း လျှောက်လှမ်းလာသောခြေသံကို ကြားလိုက်ရသည်။ ရန်ရိရှင်း က ကျန်းစီကျူး အရှေ့၌ ချောင်းတစ်ချက်ဟန့်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
" အဟမ်း...မင်း အခုချိန်ထိ အနားမယူသေးဘူးလား.."
" ဟုတ်..တပည့် အနားယူတော့မှာပါ..ဆရာ..ဆရာကော ဒီအိမ်မှာအဆင်ပြေရဲ့လား.."
" အင်း..အဆင်ပြေပါတယ်..ကျိုးမိသားစုက ဧည့်ဝတ်ကျေပွန်လွန်းတယ်လေ.."
ရန်ရိရှင်းက တပည့်မ၏အမေးကိုဖြေရင်း သူမဘေးနားတွင် ယှဥ်ရပ်လိုက်သည်။ သူက ကောင်းကင်မှ ပြည့်ခါနီးလနှင့် ကြယ်လေးတွေကို မော့ကြည့်နေသည်။
" မနက်ဖြန် ဆရာ ပြန်နှင့်မယ်..မင်းက တစ်ပတ်လောက် ဒီမှာနေလိုက်ဦး.မဆုံတာကြာတဲ့ မိတ်ဆွေဟောင်းနဲ့ ပြောစရာတွေကျန်သေးတယ်မလား..တစ်ပတ်ပြည့်မှ ပြန်လာခဲ့.."
" ဟုတ်ကဲ့ ဆရာ "
သူမက လိုရင်းတိုရှင်းသာဖြေရင်း ခပ်မဆိပ်သာနေသည်။ တကယ်တော့ သူမအတွေးတွေက ကျိုးထုံပြောပြခဲ့သည့် အကြောင်းအရာတွေကို အာရုံစိုက်နေမိခြင်းကြောင့်ဖြစ်သည်။

ရန်ရိရှင်း က ညဥ့်၏အလှကိုခံစားနေရင်း သူ့အကြည့်က တပည့်မဆီသို့ရောက်သွားသည်။ သူမက လ​ရောင်အောက်တွင် ထို မိန်းကလေးဆန်သောအင်္ကျီနှင့် တမူထူးဆန်းနေသည်ဟုခံစားရသည်။ ဒီနှစ်ပိုင်းအတွင်း တပည့်မ ဟုသတ်မှတ်ထားမိသော သူမက သူမနှင့်မတူတော့သလိုပင်၊ ကောင်းကင်က ကြယ်တွေကို စိတ်ဝင်တစားကြည့်နေသော သူမ၏မျက်လုံးများက ထိုကြယ်များထက်တောက်ပနေသလို...မျက်တောင်တစ်ချက်ခတ်တိုင်း ထိုမျက်တောက်များက လက်ယှက်ခေါ်နေသကဲ့သို့..သူက အချိန်အတန်ကြာငေးစိုက်ကြည့်နေရင်းမှ မိမိကိုယ်မိမိပြန်ထိန်းသိမ်းကာ အကြည့်တွေကိုလွှဲလိုက်သည်။

' ရန်ရိရှင်း... မင်းရူးကြောင်ကြောင်အတွေးတွေ မဝင်စမ်းနဲ့ သူမက မင်းရဲ့တပည့်..တပည့်တစ်ယောက်အပေါ် ဆရာတစ်ယောက်ရဲ့စိတ်ထားကလွဲပြီး ကျန်တာမရှိသင့်ဘူး..မင်းရဲ့ ဒီအတွေးတွေက ဆရာကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ်မဟုတ်ဘူး..မင်းက ဆရာ.သူက တပည့်..မင်းက ဆရာ.သူက တပည့်.'

သူစိတ့်ထဲမှာ သတိပေးတားမြစ်ချက်တွေ အချက်ချက်ချမှတ်ပြီးနောက် ..
" ဒါဆို..ဆရာ သွားအနားယူတော့မယ်..မင်းလည်းအနားယူတော့.."
" ဟုတ်ကဲ့ ဆရာ.. ဒါဆို ကောင်းကောင်းအနားယူလိုက်ပါဦး.."
သူမ၏ နှုတ်ဆက်စကားဆုံးသည်နှင့် သူလှည့်ထွက်သွားတော့၏။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now