...

140 5 1
                                    

မြေအောက်အကျဥ်းထောင်တွင်း...

ကျန်းစီကျူးဟာ အကျဥ်းထောင်၏ ထောင့်တစ်နေရာတွင်ထိုင်လျက်ရှိပြီး မျက်နှာကလည်း သုန်မှုန့်နေခဲ့သည်။

သူမ၏ အရှေ့တွင်တော့ ရန်ရိရှင်းဟာ သူမကို ချော့ဖို့ကြိုးစားနေခဲ့သည်။

'' ကို..နည်းနည်းကြည့်လို့ရမလား..အရမ်းနာနေလား"

'' မလိုဘူး.."

'' ကို တောင်းပန်ပါတယ်..ကို စိတ်လွတ်သွား.."

'' မလိုဘူးလို့ပြောနေတယ်လေ...ဒီဒဏ်ရာလောက်နဲ့ မသေနိုင်ဘူး. "

'' ဒါပေမယ့်. ကို မြန်မြန်ပျောက်အောင် ကုပေးလို့ရ..ရ"

'' ဘာလို့ မြန်မြန်ပျောက်အောင်ကုရမှာလဲ..ဒီဒဏ်ရာက ဘယ်သူ့ကြောင့်ရတာလဲ..ဒီဒဏ်ရာကို ကြာကြာထားပြီး အသိစိတ်ထိန်းနိုင်အောင် ကြိုးစားခိုင်းရမှာပေါ့. ဟွန့်"

သူမက မျက်နှာကို တစ်ဖက်သို့လှည့်သွား၏။

'' တောင်းပန်ပါတယ်..ကို အစကလည်း ကြိုပြောပါတယ်..စိတ်ထိန်းနိုင်မှာ မဟုတ်ဘူးလို့..ကျူးအော်က အရမ်းလာ.."

'' ဪ..စ မြူစွယ်တဲ့ ငါလေး မှားတာပေါ့.."

'' မဟုတ်ဘူး..အဲ့ဒိလို သဘောမဟုတ်..ကျူးအော်က စမြူစွယ်ခဲ့ရင်တောင် ကို က စိတ်ကို ထိန်းထားသင့်တာ..ကို စိတ်လွတ်သွား. လို့."

'' ပါးစပ်ကို ပိတ်ထားလိုက်...ရှင်က ကျွန်မဆရာ ကျွန်မထက် စွမ်းအားကြီးတယ် ဆိုတာနဲ့ မရိုက်ရဲဘူးလို့မထင်နဲ့.."

'' အင်း.."

ရန်ရိရှင်း သူမမျက်နှာကိုသာ အရိပ်အကဲကြည့်နေရသည်။

သူတို့နှစ်ဦး အတူတူနေကြချိန်မှာ သူ စိတ်လွတ်သွားခဲ့ပြီးနောက် သူမ၏ ကျောပြင်တစ်ခုလုံး စုတ်ပြတ်သပ်အောင် ကုတ်ခြစ်မိခဲ့သည်။ ပြီးဆုံးသွားချိန်မှာတော့ သူမက သူ့ကို မျက်နှာချင်း မဆိုင်နိုင်လောက်အောင် စိတ်ဆိုးနေခဲ့ပြီ

သူ အစကတည်းက ကြိုတင်သတိပေးထားပေမယ့် သူမက အတင်းဝင်တိုးပြီး အခုလိုတွေဖြစ်လာတော့ သူပဲ မကောင်းဖြစ်ရ၏။ တကယ်ပဲ မိန်းကလေးတွေက မပြီးခင်တမျိုး ပြီးသွားရင် တမျိုးပဲလား...

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now