ယန်ဖုန်းရွှင့် စိတ်တွေလေးလံနေခဲ့သည်။ သူက ညတွင်းချင်း မိဖုရားကြီး တစ်ဖြစ်လဲ အမတော်၏ ခေါ်ဆိုမှုကြောင့် နန်းတွင်းသို့ အပြေးဝင်ခဲ့ရ၏။ ဒီ မနက် ၃ ချက်တီးအချိန်မှာ သူဟာ အမတော်၏ စီစဥ်ပေးမှုဖြင့် မင်းကြီးကို တိတ်တဆိတ်တွေ့ဆုံရသည်။ အရှင်မင်းကြီး နှင့် အမတော် တို့ ကြံစည်ထားကြတာတွေကို သူ ပါဝင်ပတ်သတ်လိုခြင်း မရှိပေမယ့် အမတော်၏ မျက်နှာကြောင့် ပါဝင်ပတ်သတ်ပေရဦးမည်။ယန်မျိုးနွယ်စုတွေဟာ တကယ်တော့ ကျင့်ကြံခြင်းလောကမှ ဆေးဆရာမျိုးရိုးတစ်ခုဖြစ်ခဲ့သည်။ ရှေးလူကြီးသူမ အဆက်ဆက် ဆေးပညာဖြင့်သာ အသက်မွေးဝမ်းကြောင်းပြုခဲ့ပေမယ့် သူ၏ အမတော်ကို တော်ကောက်ခံရခြင်းမှ စ အရာရာပြောင်းလဲသွားခဲ့သည်။ ယခင်က ရိုးသားစွာနေထိုင်တက်ကြတဲ့ သူတို့မျိုးရိုးဟာ ယခုတော့ အာဏာရဲ့ ဆွဲဆောင်မှု ငွေရဲ့ဆွဲဆောင်မှုဆီ နစ်မျောလာကြပြီဖြစ်သည်။
ယန်ဖုန်းရွှင့် မွေးကတည်းက သူတို့မျိုးရိုးကို ယခင်ကအတိုင်း ဆေးပညာရှင်များအဖြစ်သာ ဖြစ်စေချင်ခဲ့သည်။ သူက ထိုအာဏာ လောဘ မတ်မောနေမှုေွေဆီမှ ရုန်းထွက်စေချင်ခဲ့သည်။ သို့ပေတည့် အများနှင့် တစ်ယောက်ပေမို့ သူ မတက်နိုင်ခဲ့...
ဒီနေ့မှာလည်း ကြားသိလိုက်ရတဲ့ အစီအစဥ်တွေက ဆေးဆရာတစ်ယောက်အနေနဲ့ မပြုသင့်သော ကျင့်ကြံသူတစ်ယောက်အနေဖြင့် မပါဝင်သင့်သော အရာများပင်...
သူဟာ သက်ပြင်းတွေ အကြိမ်ကြိမ်ချရင်း ရှေ့မှ ငြိမ်သက်နေသော ကန်ရေပြင်ကို ငေးစိုက်ကြည့်မိ၏။
မိဖုရားကြီး ၏ အဆောင်တော်ရှိ ရေကန်တွင် ကျော်ကြားမှုတစ်ခုရှိသည်။ ထိုရေကန်အတွင်း စိုက်ပျိုးထားသော ကြာပန်းများအကြောင်းပင်..မနက်ပိုင်းတွင်ကျသော နှင်းရည်ဖြင့် ပွင့်လန်းပြီး နေရောင်ထိလျှင် ချက်ချင်းညှိုးသော ထိုကြာပန်း၏ ဝတ်ဆံများဟာ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်သတဲ့..မိဖုရားကြီး မှစ၍ မိဖုရားငယ် အစုံစုံ သုံးဆောင်ကြသော ထို နှင်းကြာဝတ်ဆံ...
ယန်ဖုန်းရွှင့် တစ်ယောက် အချိန်က မနက် ၃ ချက်တီးကျော်လွန်၍ နှင်းများလည်း စတင်ကြလာပြီဖြစ်သောကြောင့် တဖြည်းဖြည်း ပွင့်လန်းလာသော ကြာပန်းများဆီ စိတ်ရောက်သွားသည်။

STAI LEGGENDO
ကံကြမ္မာနှင့်ယှဥ်၍
Narrativa Storicaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...