လေးယောက်ပေါင်း လောင်းကျော် ၂

202 27 1
                                    

ကျန်းစီကျူး တစ်ယောက် သူမ သတ်ခဲ့သည့် ခေါင်းနှစ်လုံးမြွေထံမှ အမြူတေကို ထုတ်ယူလိုက်သည်။ ကျင့်ကြံသူ တွေ အမဲလိုက်တယ်ဆိုတာက ဒီလိုပဲလေ.ထူးဆန်းမှော်သတ္တဝါတွေကို သတ်တန်ရင်သတ် ဖမ်းပြီးမွေးသင့်ရင်မွေး.သေသွားခဲ့တဲ့ မှော်သတ္တဝါတွေဆီက အမြူတေကို ထုတ်ယူပြီး နောင်တစ်ချိန်မှာ ကျင့်ကြံဆင့်တိုးဖို့အတွက် အထောက်အကူပြု ပစ္စည်း အ​ဖြစ်အသုံးပြု..
စွမ်းအားရှိလူသား..ကောင်းကင်ဘုံကို တက်လှမ်းနိုင်ဖို့ကြိုးစားနေတဲ့ လူသားတွေပေမယ့်လည်း သတ်ခြင်းဖျက်ခြင်းဆိုတဲ့ အရာတွေနဲ့တော့ ထူးပြီးကင်းကွာနေကြတာမဟုတ်ဘူးလေ..

" ဒီတစ်ခါတော့ ဒီနေရာကနေ အမြန်ထွက်သွားသင့်ပြီ..နောက်တစ်ခေါက်ထပ်မရောက်လာဘူးလို့ပြောလို့ရတာ မဟုတ်ဘူးလေ.."

ယန်မောင်နှမ သူတို့ဆီသို့ လျှောက်လာရင်း ယန်ဇီယွမ် မှ ပြောလိုက်သည်။

ကျန်းစီကျူး က ခေါင်းညိမ့်လိုက်ပြီး သူတို့လေးယောက် စိတ်သဘောထားတိုက်ဆိုင်စွာ ထိုနေရာမှ ထွက်ခွာလာခဲ၏။

ကျန်းစီကျူး - အား..ကျွန်မ နှုတ်ဆက်ဖို့မေ့နေခဲ့တာ..ဒီက သခင်လေး နဲ့ သခင်မလေး ကို..တွေ့ရတာ ဝမ်းသာပါတယ်..ကျွန်မက ကျိုးထုံရဲ့ တစ်ဝမ်းကွဲ ညီမပါ..ကျိုးစီကျူး လို့ခေါ်ပါတယ်..

ကျိုးစီကျူး.  ခုနက ကျိုးထုံ ခေါ်လိုက်တာက ကျန်းစီကျူးလားလို့ မျိုးရိုးနာမည် မှားကြားတာလား..
ယန်ဇီယွမ် က အတွေးကို အတွေးထဲမှာပင်ထား၍ ပြန်လည်နှုတ်ဆက်လိုက်သည်။

" ကျွန်တော်က ယန်ဇီယွမ် ပါ..ဒါက ကျွန်တော့် ညီမ ယန်ဇီကျူး လို့ခေါ်ပါတယ်..ဒီက ကျိုးမိန်းကလေး က ဘယ်ဆရာဆီမှာ ပညာသင်ကြားတာပါလဲ "

" ဟုတ်..ကျွန်မဆရာက ထင်ပေါ်ကျော်ကြားတဲ့လူမဟုတ်တော့ သူ့နာမည်ပြောရင်တောင် သိမှမဟုတ်ပါဘူး..ဒါနဲ့..ဒီက ယန်မိန်းကလေးက တကယ်လှတာပဲ..သူမက ကျွန်မနဲ့ နာမည်လည်း ဆင်တူသေးတယ်..ဒီလိုနေရာမျိုးမှာ မိန်းကလေးအဖော်ရတာ အရမ်းကောင်းတာပဲ."

" ဘယ်သူက..နင်နဲ့အဖော်လုပ်မှာလဲ.."

ယန်ဇီကျူး ၏ စကားကြောင့် ကျိုးထုံ ဝင်ပါလာပြန်သည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now