Unicode
မိဘတွေရဲ့အချစ်မခံရတဲ့ ပေ့ဇီက အသက်အရွယ်ငယ်ငယ်နဲ့ပဲ ရင့်ကျက်လာခဲ့တယ် အထူးသဖြင့်တော့ သူမက အကို ပေ့ကျဲ့ကို ရင်းနှီးပြီး နှစ်သက်တယ်
နောက်ပိုင်းမှာတော့ ဒီနှစ်သက်မှုက *နောက်ထပ်တစ်ဆင့်*ထိပါတိုးသွားတော့တာပဲ
သူမကြောက်တယ် ကိုယ့်အကိုအရင်းကိုမဟုတ်တဲ့ခံစားချက်တွေ၀င်နေမိတာကိုကြောက်တယ် ပေ့ကျဲ့က သူမကို ကြောင်တောင်တောင်ဖြစ်နေတဲ့ညီမလို့ ထင်သွားမှာကိုကြောက်တယ် နဂိုထဲကသူမကိုမနှစ်သက်တဲ့မိဘတွေ က မျက်မုန်းကျိုးသွားမှာကို ပိုကြောက်တယ် အဲ့ဒါကြောင့် ပေ့ဇီဟာ သူမရဲ့ခံစားချက်တွေကိုဖိနှိပ်ပြီး ပေ့ကျဲနဲ့ခပ်ေ၀းေ၀းမှာပဲနေတော့တယ်
ပေ့ကျဲ့က သူမနဲ့ အရင်လိုပြန်ပြီးရင်းနှီးချင်ပေမယ့်လည်း ပေ့ဇီကတော့ ခပ်ခွာခွာပဲနေပြီး သူမရဲ့*အကို*ကို တိတ်တ်ိတ်လေးချစ်မြတ်နိုးနေခဲ့တယ်
ပေ့ဇီဟာ သူမအကိုတက်တဲ့ ကျောင်းကနေေ၀းနိုင်သမျှအေ၀းဆုံးကျောင်းကိုပြောင်းပြီး အဆောင်မှာပဲနေတော့တယ် ပေ့မိသားစုကသူမကိုထောက်ပံ့တဲ့ပိုက်ဆံတွေကိုလည်း အသုံးပြုတာ ရှားပါးပြီး ကျောင်းအားလပ်ရက်တွေမှာတောင် အိမ်ကိုပြန်လာလေ့မရှိဘူး တကယ်လို့သူမပြန်လာရင်တောင် ပေ့ကျဲ့ကို တတ်နိုင်သမျှရှောင်တယ်
အဲ့ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်က ပိုပိုေ၀းကွာလာခဲ့ပြီး နှစ်ဦးကြားမှာ ဘာဆက်ဆံမှုမှမရှိတော့ဘူး
ဒီအခြေအနေက ပေ့ဇီရဲ့ ၁၇နှစ်မြောက်မွေးနေ့မှာ အဆုံးသတ်သွားတော့တယ် သူမက ပေ့ကျဲ့နဲ့သွေးသားမတော်စပ်ဖူးဆိုတာကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့ရတယ်
ပေ့ဇီဟာ အပျော်လွန်ပြီး ရက်ပေါင်းများစွာ အိပ်လို့မရခဲ့ဘူး သူမ ပေ့ကျဲ့နဲ့ပြန်ရင်းနှီးချင်တယ် သူမရဲ့ခံစားချက်တွေကိုဖွင့်ပြောချင်တယ် ဒါပေမယ့် အဲ့ဒီအချိန်မှာ ပေ့ကျဲ့ရဲ့ဘေးမှာ အခြားမိန်းကလေးတစ်ယောက်ရှိနှင့်နေပြီတဲ့
BẠN ĐANG ĐỌC
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
