Unicode
မိုင်တစ်ထောင်တေးဂီတ :, [ကြယ်စင်ခုနစ်သိန်းတာ၀ါကိုအမြန်လာ]
လရောင်အောက်ကနှင်းပွင့်လေးက ချက်ချင်းစာပြန်တယ်
လရောင်အောက်ကနှင်းပွင့်လေး : [တာ၀ါဖြိုမလို့လား...ငါက..နင် Fallback Valleyထဲမှာ Red namesတွေနဲ့တိုက်နေတယ်မှတ်လို့..]
မိုင်တစ်ထောင်တေးဂီတ : [လာစမ်းပါ...ပွဲကလှတော့မယ်..လီရှို့က ဒီရောက်နေတာ...]
လရောင်အောက်ကနှင်းပွင့်လေးက အချိန်တစ်ခုလောက်ကြာအောင်replyမပြန်လာဘူး ဒါပေမယ့်ခနလောက်ကြာတော့ နတ်ဘုရားတိုင်ကွန်းနဲ့ အတူ အမျိုးသမီးcharacterတစ်ယောက်သူမဆီလာနေတာကိုတွေ့လိုက်ရတယ်
နတ်ဘုရားတိုင်ကွန်းရဲ့heroကတော့ ID nameနဲ့အညီ ရွှေရောင်အလင်းတန်းတွေနဲ့ဘလင်းဘလင်းကိုထနေတော့တာပဲသူတို့နှစ်ယောက်ကလူအုပ်နားမှာရောက်နေတဲ့ရှီရှန်းဆီကိုခပ်မြန်မြန်ပြေးလာကြတယ်
လရောက်အောက်ကနှင်းပွင့်လေး သည် သင့်ကို *ငါကအိပ်ရာထဲမှာတော့ topပဲ* groupထဲသို့ပါ၀င်ရန်ဖိတ်ခေါ်ထားပါသည်....လက်ခံလိုပါသလား...
ရှီရှန်းက Noကိုနှိပ်လိုက်မိတော့မလိုတောင်ဖြစ်သွားတယ်
'Gp nameကြီးကလည်း ဆာလိုက်တာ.....○~○'Group chatထဲတွင်....
နတ်ဘုရားတိုင်ကွန်း : [မင်းက Clearwest အစစ်မဟုတ်ဖူးမလား.]
ဒီစာက ရှီရှန်း ပထမဆုံးမြင်လိုက်ရတဲ့စာပဲ
ရှီရှန်းကမျက်မှောင်ကျုတ်လိုက်တယ် မူလဇာတ်ကြောင်းမှာတုန်းက Clearwestက နတ်ဘုရားတိုင်ကွန်းနဲ့ဘာမှမဆိုင်ဘူးမလား....
မိုင်တစ်ထောင်တေးဂီတ :[ဘာလို့အဲ့လိုပြောတာလဲ....]
နတ်ဘုရားတိုင်ကွန်း: [ငါမနေ့က မင်းတိုက်တဲ့ပုံစံကိုကြည့်ပြီးပြီ...အရင်ကနဲ့တကယ်ကိုမတူတော့ဘူး ]
မိုင်တစ်ထောင်တေးဂီတ :[ ဟုတ်တယ်လေ.. Clearwestက ငါ့ကိုငှားပြီးဆော့ခိုင်းတာ...ကျေနပ်ပြီလား...]
'shit!!... အကုန်လုံးကဒါပဲပြောနေကြတာပဲ..အေးလေ..ထားပါတော့ ..သူတို့ပြောတာလည်း မှားတော့မမှားဘူးပဲ....'
BINABASA MO ANG
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.