Unicode
ရှီရှန်းက သူ့ကိုရောင်းမယ်လို့ပြောလိုက်ပေမဲ့ချက်ချင်းတော့မဟုတ်ဘူး
အမြတ်ကြီးစားသူကထပ်ပြီးတော့တွန်းအားမပေးတော့ဘူး ဘယ်လိုပဲဖြစ်ဖြစ်ဒီပစ္စည်းရဲ့တန်ဖိုးကလျော့သွားမှာမှမဟုတ်ပဲ
အရောင်းအဝယ်တွေလုပ်ပြီးတဲ့အခါမှာရှီရှန်းကမင်ရည်ရှာဖွေသူကိုငွေတွေပေးလိုက်တယ်
မင်ရည်ရှာဖွေသူ:[ညီတူမျှတူခွဲယူမယ်လေ]
မိုင်တစ်ထောင်တေးဂီတ:[မလိုပါဘူးတကယ့်ငွေတွေပြန်ပေးနိုင်ဖို့သာလုပ်စမ်းပါ]
မင်ရည်ရှာဖွေသူ:[မင်းဘာတွေကြံနေပြန်တာလဲ]
'သူမလေသံကတစ်ခုခုထူးဆန်းနေတယ်'
မိုင်တစ်ထောင်တေးဂီတ:[မှန်းကြည့်လေ]
ဒီရက်ပိုင်းအတွင်းမှာပဲရှီရှန်းကကျောင်းတက်လိုက်ဂိမ်းဆော့လိုက်နဲ့ပိုပိုပြီးတော့အလုပ်တွေရှုပ်နေတယ်
အဲ့ရက်တွေအတွင်းမှာလီရှို့ကသူ့ပုံမှန်အကောင့်ကိုပြန်ရသွားပြီဖြစ်တယ်မဟာမိတ်စစ်ပွဲမှာဖြစ်ပျက်ခဲ့တဲ့အရာတွေကသူနဲ့သူ့ရဲ့သူငယ်ချင်းကောင်းတွေကြားမှာပဋိပက္ခတွေဖြစ်လာစေပြီးတော့စန်းယွီနဲ့ဆက်ဆံရေးမှာလည်းပြဿနာတွေအများကြီးပေါ်လာတယ်
ရှီရှန်းက အမြဲတမ်းစန်းယွီလိုအပ်တဲ့အချိန်မှာပေါ်လာပေးပြီးတော့သူမက 'မင်းလိုအပ်တဲ့အချိန်တိုင်းကိုယ်ရှိနေမယ် ' ဆိုတဲ့ပုံစံဖမ်းလေ့ရှိတယ်
မင်ရည်ရှာဖွေသူ ကတောင်မှပဲသူမကိုတွေ့ချင်တယ်ဆိုရင်ကြိုပြီးတော့ပြောရတယ်
ဒါပေမဲ့တစ်နေ့မှာတော့သူမကအရင်မင်ရည်ရှာဖွေသူကိုမေးတော့သူမမှာတစ်ခုခုဖြစ်နေပြီဆိုတာကိုသိလိုက်တယ်
သူတို့နောက်ကိုတစ်ချိန်လုံးလိုက်နေတဲ့GM66ကတောင်မှမင်ရည်ရှာဖွေသူပြဿနာရှာလိုက်..တောကောင်လိုက်သတ်လိုက်နဲ့လုပ်နေကြအလုပ်တွေကိုပဲလုပ်နေလို့ပျင်းလာတယ်
နောက်တစ်နေ့မှာစန်းယွီကလီရှို့ကိုသစ္စာဖောက်သွားတဲ့အကြောင်းပေါ်လာတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.