Arc 5.9

5.6K 817 14
                                    

Unicode

"မင်းတို့အခုချိန်ထိဖူချင်းကိုအစားစားခိုင်းလို့မရ​သေးဘူးမလား"
နေရာတစ်နေရာကနေရုတ်တရပ်ပေါ်လာတဲ့ဆရာဝန်ကစိတ်မရှည်စွာပြောလိုက်တယ်
"သုံးရက်ရှိနေပြီလေ,သူအခုချိန်အထိအစာတစ်ဖတ်မှမစားရ​သေးဘူး ဒီအတိုင်းသာဆက်သွားရင် နာရေးပါတစ်ခါတည်းပြင်ဆင်ထားလိုက်တော့"

ပြောပြီးသွားတဲ့အခါမှာဆရာဝန်ကပြန်ဖြေဖို့အချိန်မပေးဘဲနဲ့ထွက်သွားတယ်သေသေချာချာကြည့်မယ်ဆိုရင်ဆရာဝန်ကလွတ်မြောက်ဖို့ကြိုးစားနေမှန်းသိသာတယ်
'ဆရာဝန်ဖြစ်ရတာခက်ခဲလိုက်တာ,မင်းတို့သိရဲ့လား'

ဆိုလိုတာက, ဒီလူနာကိုလာကြည့်တဲ့သူတွေကိုပဲကြည့်လေ,သူတို့အားလုံးကိုကြည့်ရတာအသတ်ခံရမှာကိုကြောက်နေတဲ့အတိုင်းပဲ

'ငါ့ထင်တော့နင်တို့လုံခြုံရေးကိုအရင်ခေါ်သင့်တယ်...'

ဦးလေးကျန်းနဲ့ရှီရှန်းကတစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေလိုက်တယ် သက်တော်စောင့်တွေကိုကြည့်ရတာဦးလေးကျန်းကရှီရှန်းကိုဝင်ခွင့်ပြုဖို့လှုံ့ဆော်နေတဲ့အတိုင်းပဲ နောက်ဆုံးတော့ဦးလေးကျန်းလဲရှီရှန်းကိုဝင်ခွင့်ပြုလိုက်ရတယ်အခုအချိန်မှာအရေးအကြီးဆုံးကသူတို့သခင်လေးတစ်ခုခုစားဖို့ပဲဖြစ်တယ်
..........

အခန်းကရှုပ်ပွနေတာပဲ ဆေးပစ္စည်း​တွေနဲ့စောင်တွေခေါင်းအုံးတွေကလည်းအောက်မှာပြန့်ကျဲနေတယ် အခန်းကကြည့်ရတာတိုက်ပွဲဖြစ်ထားတဲ့အတိုင်းပဲ

အခန်းထဲမှာအေးစိမ့်စိမ့်အနံကြီးရှိနေပြီးတော့ဝင်လာသူတွေကိုအသက်ရှူကြပ်စေတယ်

အိပ်ရာထပ်မှာလဲလျောင်းနေတဲ့ဖူချင်းကဆေးရုံလူနာဝတ်စုံဝတ်ထားတယ်ခြေထောက်တစ်ဖက်ကိုကွေးထားပြီးတော့လက်တစ်ဖက်ကိုဒူးခေါင်းပေါ်တင်ထားကာသူ့လက်နှစ်ချောင်းကြားထဲမှာဆေးလိပ်တစ်လိပ်ကိုကိုင်ထားပြီးတော့ဆေးလိပ်သောက်နေတယ်
သူ့ဘေးပတ်ပတ်လည်မှာဆေးလိပ်အနံတွေနဲ့မူး​နောက်နေတာပဲ

အခြားလက်တစ်ဖက်ကအိပ်ရာဘေးမှာချိတ်ထားပြီးတော့လက်ဆတ်တဲ့သွေးတွေကလက်ချောင်းတစ်လျှောက်က​နေကြမ်းပြင်ပေါ်ကိုကျနေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Donde viven las historias. Descúbrelo ahora