Unicode
ကုန်းမြေကိုးပါးခန်းမ နဲ့ ကျောင်းတော် နှစ်ဖက်လုံးကသူတွေက သံတမန်ရေးဆွေးနွေးနေကြတယ်
ရုတ်တရပ် မီးကျွမ်းခံလိုက်ရတဲ့ပုံနဲ့မဲတူးစုတ်ပျက်နေတဲ့ လူတစ်ယောက်က အသဲအသန်အော်ပြီးပြေးလာတယ်
"သက်တော်စောင့်ခေါင်းဆောင်!!!! မကောင်းတော့ဘူး...ခန်းမသခင်..ခန်းမသခင်..ပြန်ပေးဆွဲခံလိုက်ရပြီ..."
ကျောင်းတော် ကိုယ်စားလှယ်တွေက အချင်းချင်း အကြည့်တွေဖလှယ်လိုက်ကြတယ်
'ပုကျင်းယွင်???..''သူတကယ်ကြီးလာတယ်ပေါ့...ပြီးတော့ ပြန်ပေးဆွဲခံလိုက်ရတယ်..ဘယ်သူကများ ဒီလိုလုပ်ရဲတာလဲ....'
"ဘယ်သူလုပ်တာလဲ..." သက်တော်စောင့်ခေါင်းဆောင်က လာပြောတဲ့လူကိုဆွဲလိုက်တယ် "မင်းတို့....သခင့်ကို ဘာလို့မကာကွယ်နိုင်ခဲ့တာလဲ..သူက..."
သက်တော်စောင့်ခေါင်းဆောင်က အပြင်လူတွေရှိနေတာကိုသတိရသွားပြီး သူ့ပါးစပ်ကိုအမြန်ထိန်းလိုက်တယ်
သူက သူ့ရဲ့စိတ်လှုပ်ရှားမှုကို မနည်းဖိနှိပ်ပြီးကျောင်းတော်အကြီးအကဲတွေကို ခွင့်တောင်းလိုက်တယ် "ခွင့်ပြုပါခင်ဗျာ..ကျွန်တော်တို့မှ အတွင်းရေးဖြေရှင်းစရာကိစ္စတချို့ရှိနေလို့ပါ.. ပြိုင်ပွဲအမှီပြန်လာခဲ့ပါ့မယ်..""အကူအညီတစ်ခုခုလိုသေးလားခင်ဗျာ.." ကျောင်းတော်ဘက်က အကြီးအကဲတစ်ယောက်က စိတ်ပူချင်ယောင်ဆောင်ပြီးပြောလိုက်တယ်
ဒါပေမယ့် သူ့ရဲ့အရောင်တဖျတ်ဖျတ်လတ်နေတဲ့မျက်လုံးတွေကတော့ သူတကယ်တမ်းဘာတွေးနေတယ် ဆိုတာကိုပေါ်လွင်နေစေတယ်..
'ဟားဟား...အာဏာရူးကောင်ပုကျင်းယွင်လည်း ဒုက္ခရောက်တဲ့အချိန်ရှိသေးတယ်ပေါ့..'"အကြီးအကဲရဲ့ဂရုစိုက်မှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒါပေမယ့် ဒီကိစ္စကို ကျွန်တော်တို့ဘာသာ ဖြေရှင်းနိုင်မယ်လို့ထင်ပါတယ်..."
သက်တော်စောင့်ခေါင်းဆောင်က အေးစက်စွာငြင်းဆိုလိုက်တယ်
"သွားမယ်.."ကျောင်းတော်နယ်မြေရဲ့အပြင်ကိုရောက်မှ သက်တော်စောင့်ခေါင်းဆောင်က သူ့အောင့်အည်းထားရတဲ့မေးခွန်းတွေကို အဆက်မပြတ်မေးမြန်းတော့တယ်..
"တခြားလူတွေကဘယ်ရောက်ကုန်တာလဲ..သခင်က ဘယ်လိုလုပ်ပြီးပြန်ပေးဆွဲခံလိုက်ရတာလဲ...စောက်ရေးထဲမှာမင်းတို့ကောင်တွေက ဘာလုပ်နေကြတာမို့လို့လဲ..."
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.