Unicode
Serverတွေပေါင်းစည်းလိုက်တဲ့ရလဒ်အနေနဲ့ ဂိမ်းဖိုရမ်မှာ updateနဲ့ပတ်သက်တဲ့သတင်းတွေခန့်မှန်းချက်တွေဆက်တိုက်ဆိုသလိုတက်နေတယ်
Serverပြန်ပွင့်လာတာနဲ့ ကစားသမားတွေက အပြေးအလွှားlog in၀င်လာကြပြီးမြင်ကွင်းအသစ်ကိုစူးစမ်းနေကြတယ် ရှီရှန်းကတော့ အင်တာနက်လိုင်းသိပ်မကောင်းတဲ့အတွက် log in၀င်ဖို့ မိနစ်၂၀လောက်စောင့်လိုက်ရတယ်
ဂိမ်းထဲကို၀င်သွားတာနဲ့ အစိမ်းသက်သက်ဖြစ်နေတဲ့ပတ်၀န်းကျင်ကသူမကိုစောင့်ကြိုနေတယ်
တစ်ခါမှမမြင်ဖူးတဲ့ဂိုဏ်းနာမည်တွေကလည်း အများကြီးပဲ...ရှီရှန်းက မြေပုံကိုဖွင့်ကြည့်လိုက်တော့ ဂိမ်းအပြင်ဆင်ကအတော်များများပြောင်းလဲသွားတာကိုတွေ့လိုက်ရတယ်
ဂိမ်းထဲမှာ နတ်ဘုရားနဲ့မကောင်းဆိုး၀ါးဆိုပြီးအဖွဲ့ကြီး၂ဖွဲ့ခွဲထားတယ်
လူသား,နတ်သား/နတ်သမီးတွေနဲ့ဗုဒ္ဓ မျိုးနွယ်စုတွေက နတ်ဘုရားအဖွဲ့ကြီးထဲမှာပါ၀င်ပြီး ၀ိညာဥ်,မိစ္ဆာနဲ့သရဲမျိုးနွယ်စုတို့ကတော့ မကောင်းဆိုး၀ါးအဖွဲ့ကြီးထဲကပဲ....အဖွဲ့ကြီးနှစ်ဖွဲ့ရဲ့ဌာနချုပ်တွေက မျက်နှာချင်းဆိုင်ရှိနေကြတယ်
ဂိမ်းရဲ့updateက နေရာအသစ်တွေကိုဖွင့်ပေးလိုက်ရုံတင်မကဘူး နောက်ဆုံးlevelသတ်မှတ်ချက်ကိုပါ တိုးမြှင့်လိုက်တယ် အခုချိန်မှာ အမြင့်ဆုံးlevelက level 120ပဲ....
ရှီရှန်းတို့အရင်ကဆော့နေကျ နယ်မြေရဲ့နာမည်က *တိုတောင်းသောအိပ်မက်* ဖြစ်တယ်
အခု *တိုတောင်းသောဘ၀*နဲ့ serverချင်း ပေါင်းလိုက်တဲ့အတွက် လူသစ်တွေကိုတွေ့လာရတာ မထူးဆန်းဘူး
ရှီရှန်းက *တိုတောင်းသောဘ၀*ထဲကိုတစ်ခါမှမရောက်ဖူးပေမယ့် အချို့ကစားသမားတွေကတော့ ရောက်ဖူးကြတယ် အဲ့ဒါကြောင့် ဂိမ်းဖိုရမ်ထဲမှာ ဒီအကြောင်းကို လေ့လာသုံးသပ်ထားတဲ့ postတွေရှိတယ်
[Serverနယ်မြေနှစ်ခုပေါင်းစပ်သွားမှသာ မြေပုံအပြည့်အစုံကိုရပါလိမ့်မယ်...တကယ်ပါပဲ...ဂိမ်းတီထွင်သူကိုလေးစားလိုက်တာ....
မိမိတို့serverမှာရှိတဲ့*ကြယ်စင်ခုနစ်သိန်းတာ၀ါ*ကိုရှင်းလင်းပြီးသွားတဲ့ နယ်မြေနှစ်ခုကသာ နတ်ဘုရားနှင့်မကောင်းဆိုး၀ါးဌာနချုပ်ကိုဖွင့်နိုင်လိမ့်မယ်...

BẠN ĐANG ĐỌC
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.