Unicode
'စကားပြောဖို့လား...အတင်းအကျပ်အဖမ်းထားခံရပြီးမှတော့စကားပြောဖို့လိုသေးလား...'
"မင်းစကားပြောချင်တယ်ဆိုရင် အိမ်ကိုပြန်လာလိုက်လို့ရတာပဲ...ဘာဖြစ်လို့ ဒုက္ခရှာချင်နေရတာလဲ" ပေ့သခင်ကြီးကတည်တည်ငြိမ်ငြိမ်ပဲပြန်ပြောလိုက်တယ်
"ကျွန်မမှာရွေးချယ်စရာမရှိဘူးလေ"
ရှီရှန်းရဲ့အမူအရာက ကူကယ်ရာမဲ့နေပုံပေါ်တယ် "မိဘမဲ့တစ်ကောင်ကြွက်တစ်ယောက်အနေနဲ့ နောက်ခံအင်အားလည်းမရှိ အသိုင်း၀ိုင်းလည်းမရှိဆိုတော့ ပေ့မိသားစုအိမ်တော်ကိုဘယ်လိုလုပ်၀င်လာရဲပါ့မလဲ...အဲ့ဒါကြောင့် ကျွန်မလည်း ဒုတိယနည်းလမ်းကိုပဲရွေးလိုက်ရတော့တာပေါ့..."ပေ့သခင်ကြီး "........."
'ပေ့မိသားစုက နင့်ရဲ့နောက်ခံအင်အားမဟုတ်ရင် ဘာကြီးလဲ...နင်ကသာပေ့မိသားစုကသမီးမဟုတ်ရင်ငါတို့ကိုပြန်ပေးဆွဲဖို့ဒီလောက်လွယ်နေပါ့မလား..'"စိတ်မပူပါနဲ့ ရှင်တို့ကိုဘာမှမလုပ်ပါဘူး.."
ရှီရှန်းကလက်ကိုအသာေ၀့ယမ်းလိုက်တယ်
"ရှင်တို့က ဒီအသိုင်းအ၀ိုင်းမှာ အတော်လေးထင်ရှားတဲ့သူတွေပဲ...ကျွန်မကဘယ်လိုလုပ်ပြီးသတ်ရဲပါ့မလဲ..."ရှီရှန်းရဲ့စကားကိုကြားလိုက်တော့မှ ပေ့သခင်ကြီးလည်း စိတ်သက်သာရာရသွားတော့တယ် 'လူတွေကိုမထိခိုက်ရင် တော်ပါပြီ'
ဒါပေမယ့်သူစိတ်အေးမလို့ရှိနေသေးတဲ့အချိန်မှာပဲသူ့ရှေကမိန်းမပျိုလေးရဲ့ရေရွတ်သံကိုကြားလိုက်ရတယ်
"အနည်းဆုံးတော့ကျွန်မliveလွှင့်သင့်တယ်မဟုတ်လား,ရှင်တို့အတွက်ဒါကအသင့်တော်ဆုံးပဲ"ပေ့သခင်ကြီးကသွေးတစ်ပွက်လောက် အန်ထုတ်မိတော့မလိုဖြစ်သွားတယ်
'ငါတို့က မြွေဆိုး တစ်ကောင်ကိုပျိုးထောင်မိသွားတာပဲ!!!!ခွေးတောင်မှ အစာတစ်ခါလောက်ကျွေးဖူးတဲ့လူကို နှစ်ပေါင်းများစွာကြာတဲ့အထိမှတ်မိတယ် သူမကိုတော့ ငါတို့က ဒီအသက်ဒီအရွယ်ထိရောက်အောင် ကောင်းကောင်းမွန်မွန်ကျွေးမွေးပြုစုပြီးလိုလေသေးမရှိအောင် ထောက်ပံ့ထားခဲ့ပြီးမှ!!!!! '
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.