Unicode
ရထားလုံးက ခပ်လှမ်းလှမ်းမှာရပ်သွားပေမယ့် ဘယ်သူမှထွက်မလာဘူး..သူတို့တွေအချိန်ခနလောက်ကြာအောင်စောင့်နေတာတောင်ဘယ်သူမှထွက်လာမယ့်ပုံမပေါ်တာကြောင့် လှည်းကိုမမြင်ချင်ယောင်ဆောင်ပြီး ကိုယ့်လမ်းကိုဆက်သွားဖို့လုပ်လိုက်ကြတယ်
ပီရှိက လက်ဖက်ရည်တည်ခင်းနေတဲ့အချိန်မှာ ရှီရှန်းကတော့ ရထားလုံးနံရံကိုကျောမှီပြီး မျက်စိမှိတ်ကာအနားယူနေတယ်
ပိရှီကတော့ နားမလည်နိုင်အောင်ဖြစ်နေတယ် 'အိမ်၀င်းထဲကပန်းခြံမှာလက်ဖက်ရည်သောက်ရတဲ့ခံစားချက်နဲ့ ဒီရထားလုံးပေါ်မှာလက်ဖက်ရည်လာသောက်ရတဲ့ခံစားချက်နဲ့
ဘာကွာနေလို့လဲ....'ဒါပေမယ့် ရှီရှန်း အနားယူနေတာကိုတွေ့တော့ စကားလုံးတွေကိုပြန်မျိုချလိုက်တော့တယ်
ရှီရှန်းအနားယူနေတုန်း ရထားလုံးနားမှာစုဝေးနေတဲ့လူတွေလည်းပိုပိုများလာတယ် ဒါပေမယ့် ဘယ်သူကမှ ရှေ့တိုးလာပြီး သူမကိုမနှောင့်ယှက်ရဲကြဘူး.. အဲ့ဒီအစား ရထားလုံးကိုပဲလက်ညှိုးထိုးပြီး အတင်းပြောနေကြတယ်
ပိရှီက လိုက်ကာစကိုမပြီးကြည့်လိုက်တာကြောင့် အပြင်မှာ အတင်းပြောနေတဲ့လူတွေရဲ့အမူအရာကလည်းကို့ရို့ကားယားဖြစ်ကုန်ကြတယ် ပိရှီက လိုက်ကာစကို ဆောင့်ဆွဲချလိုက်ပြီး ဒေါသတကြီးပြောတယ် "အရှင့်သမီး..ဒါက အဲ့ဒီ လူမှု၀န်ထမ်းရေးရာအမတ်ရဲ့သား မှားတဲ့ကိစ္စဆိုတာရှင်းလင်းနေပြီးသားကို ဘယ်လိုဖြစ်လို့ ဒီလူတွေက ကျွန်တော်မျိုးမတို့ကိုပဲ အတင်းပြောနေရတာလဲ..."
'သူတို့သာ အစော်ကားခံရကြည့်ပါလား..နေရာမှာတင်ကိုယ့်ကိုကိုယ်သတ်သေသွားလိမ့်မယ်...'
" ဒီတိုင်းထားလို့မဖြစ်တော့ဘူး...တဖြည်းဖြည်းနဲ့တရားလွန်လာကြပြီ..." ပိရှီက ရထားလုံးထဲကနေထွက်ဖို့ပြင်လိုက်တယ်
"ပြောကြစမ်းပါစေ..." ရှီရှန်းက အေယအေးဆေးဆေးပြောလိုက်တယ် " ဒီမှာ ပန်ကုန်းကိုမနာလိုနေတဲ့သူတွေမှအများကြီးပဲ...သူတို့အတွက်နဲ့ အားကုန်ခံနေစရာမလိုဘူး.."
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.