Unicode
သူတို့မျက်နှာတွေပေါ်ကစိတ်ရှုပ်ထွေးမှုကိုမြင်ရုံနဲ့တင် ဒီလူတွေ ပယောဂဆရာတွေအကြောင်းတစ်လုံးမှမသိဘူးဆိုတာပြောနိုင်တယ်
'ပယောဂဆရာစုဝေးပွဲတဲ့လား...အဲ့ဒါမျိုးက သဘာ၀လွန်၀တ္ထုတွေထဲမှာပဲရှိတာမဟုတ်ဘူးလား..'
ရှီရှန်းက သူတို့တွေမသိတာကိုအံ့သြမသွားဘဲ အန်းစုရဲ့အနားကိုပျံသွားပြီး လူအုပ်ကြီးကိုတစ်ချက်ကြည့်လိုက်ကာ ကလေးမျက်နှာနဲ့ရှောင်ပိုင်ဆီမှာအဆုံးသတ်သွားတယ်
ရှောင်ပိုင်ရဲ့မျက်လုံးတွေကသူမကိုစိုက်ကြည့်နေတယ် အမှန်ပဲ..သူကြည့်နေတာ အန်းစုမဟုတ်ဘူး..ရှီရှန်းကိုကြည့်နေတာ..'သူငါ့ကိုမြင်ရတာလား..'
"အဲ့ဒါဆို ပယောဂဆရာစုဝေးပွဲအကြောင်းကိုရှင်တို့တကယ်မသိဘူးပေါ့.." အန်းစုကနောက်တစ်ကြိမ်ထပ်မေးတယ်"သူမက စိတ်ရောဂါကုဆေးရုံကနေထွက်ပြေးလာတာများလား.."
"ကြည့်ရတာ မိန်းကလေးက သဘာ၀လွန်၀တ္ထုတွေဖတ်တာများသွားပြီထင်တယ်.."
ရှီရှန်းကရှောင်ပိုင်ရဲ့ရှေ့တည့်တည့်ကိုပျံသွားလိုက်တယ် ရှောင်ပိုင်ကနောက်ကိုတစ်လှမ်းဆုတ်သွားပေမယ့် သူ့ရဲ့မျက်လုံးတွေကတော့ ရှီရှန်းကိုကြည့်နေတုန်းပဲ...
'ငါသိသားပဲ...သူငါ့ကိုမြင်နိုင်တယ်..ပြီးတော့ သူက ငါသရဲမှန်းလည်းသိတယ် .အန်းစုကပယောဂဆရာစုဝေးပွဲအကြောင်းပြောလိုက်တော့လည်း သူ့ပုံစံကပုံမှန်ပဲ..စိတ်ရှုပ်သွားတဲ့ပုံမပေါ်ဘူး...'
''ပယောဂဆရာစုဝေးပွဲအကြောင်းနင်သိတယ်မလား..''
ရှောင်ပိုင်ရဲ့ကြည်လင်တဲ့မျက်လုံးတွေက ချက်ချင်းတုန်လှုပ်သွားပြီးဘေးကလူရဲ့လက်မောင်းကိုလှမ်းဆွဲလိုက်တယ်
"သရဲရှိတယ်!!!!..."ရှီရှန်း"....."
'ခုနကတည်ငြိမ်မှုတွေဘယ်ရောက်သွားတာလဲ...'ရှောင်ပိုင်ဆွဲတာကိုခံလိုက်ရတဲ့သူက သူ့လက်ကိုစိတ်ပျက်လက်ပျက်ပုံစံနဲ့ပုတ်ချလိုက်တယ်
"ရှောင်ပိုင်ရဲ့ရောဂါကပြန်ထနေပြန်ပြီ...စီနီယာအကိုလည်းဒီမှာမရှိဘူး...ငါတို့ဘာလုပ်ကြမလဲ..."
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.