Unicode
"ခန်းမသခင်!!! ခန်းမသခင်!!! အဆင်ပြေရဲ့လား.." ငယ်သားနှစ်ယောက်က ရှီရှန်းအပေါ်ကနေ ပုကျင်းယွင်ကိုထူပေးလိုက်တယ် မတ်တပ်ပြန်ရပ်ပြီးတဲ့နောက်မှာ ပုကျင်းယွင်ကမကျေမနပ်ဖြစ်သွားတဲ့အသံတစ်သံပြုလိုက်တယ်
ပုကျင်းယွင်ရဲ့အပြုအမူကြောင့် ငယ်သားနှစ်ယောက်ကစိတ်ရှုပ်ထွေးသွားပြီးတစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေကြတယ် 'ခန်းမသခင်က ဘယ်လိုဖြစ်နေတာလဲ'
ရှီရှန်းကသူမထဖို့အတွက် ဓါးကိုမြေကြီးပေါ်ထောက်လိုက်ရတယ် သူမရဲ့အကြည့်တွေက ကျွင်းဟန်လင်း ခုနကရပ်နေတဲ့နေရာကိုရောက်သွားတယ် အဲ့နေရာမှာ ဘယ်သူမှမရှိတော့ဘူး
ရှီရှန်းက ပုကျင်းယွင်ပြုတ်ကျတုန်းကဖိမိလိုက်တဲ့ သူမရဲ့ရင်ဘတ်ကိုအနည်းငယ်ပွတ်လိုက်တယ်
'ကျွင်းဟန်လင်းကဘယ်လိုလုပ်ပြီးထွက်ပြေးသွားတာလဲ......အိုး...ဟုတ်သားပဲ....သူ့ရဲ့ဇာမဏီသားရဲ....ဇာတ်လိုက်မရဲ့နဂါးနဲ့အလိုက်ဖက်ဆုံးလက်တွဲဖော်ကြီး....'
မူလဇာတ်ကြောင်းထဲမှာတော့ကျွင်းဟန်လင်းရဲ့ဝိညာဥ်သားရဲကဒီလောက်အစောကြီးပေါ်မလာသေးဘူး....အဲ့ဒီအကြောင်းပါလာတဲ့အချိန်မှာ ဇာမဏီကအတော်လေးအင်အားကြီးနေပြီ..အခုရော....
ခုနကပေါ်လာတဲ့အဖြူရောင်အလင်းတန်းတွေကအစွမ်းအားကြီးတယ်လို့ပြောလို့တော့ရပေမယ့် သူမတို့ကို ဘာမှမထိခိုက်စေခဲ့ဘူး...ကြည့်ရတာ ကျွင်းဟန်လင်းရဲ့ဇာမဏီက အကြောင်းတစ်ခုခုကြောင့်အားမရှိသေးသလိုပဲ...
'ဟား..ဟား...အရွယ်မရောက်သေးတဲ့ဇာမဏီလား..ဒဏ်ရာရထားတဲ့ဇာမဏီလား..ကြက်တစ်ကောင်နဲ့ယှဥ်ခွပ်ခိုင်းရင်တောင် နိုင်နိုင်ပါအုံးမလား...'
'"ဟေး...နင်တို့..သူ့ကိုဘယ်ခေါ်သွားမလို့လဲ...အခုချက်ချင်းပြန်ချလိုက်စမ်း..."
ရှီရှန်းက ဟိုနှစ်ယောက် ပုကျင်းယွင်ကိုချီပြီးထွက်ပြေးသွားတာကိုမြင်လိုက်တယ်"အိမ်မက်မက်နေလိုက်...ခန်းမသခင်က ငါတို့ဆရာပဲ.." လူမိသွားတာကိုသိတော့ ဟိုနှစ်ယောက်က ပုကျင်းယွင်ကိုချီပြီး မြန်နိုင်သမျှအမြန်ပြေးသွားတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.