Unicode
ကျိုးလဲ့ထွက်သွားတာနဲ့ ရှီရှန်းက ရှီရင်းကို မေးလိုက်တယ် "ရှင်ခုနက ဘာပြောမလို့လဲ.."
ရှီရင်းရဲ့ နားရွက်ဖျားလေးတွေရုတ်တရပ်နီရဲသွားပြီး အကြည့်လွှဲကာပြောလိုက်တယ် " ဗီလာကိုပြန်ရောက်မှ ပြောတော့မယ်.."
ရှီရှန်းကဘယ်လိုပဲထပ်မေးမေး သူကပြန်ရောက်မှ ပြောတော့မယ်လို့ ဆိုတယ်
ညကတိတ်ဆိတ်ငြိမ်သက်နေပြီး နှင်းဆီရနံ့ခပ်သင်းသင်းကို သယ်ဆောင်လာတဲ့ လေညှင်းက ကားပြတင်းပေါက်ကနေဝင်လာပြီး ရှီရှန်းရဲ့ မျက်နှာကို ဖြတ်တိုက်နေတယ် ကားထဲမှာ နှင်းဆီရနံ့တွေနဲ့ ပြည့်နေတယ်
ရှီရှန်းက ကားစတီယာတိုင်ကို လက်တစ်ဖက်တည်းနဲ့ ထိန်းမောင်းနေပြီး နောက်လက်တစ်ဖက်ကတော့ သူမရဲ့ မေးစေ့ကိုပင့်ထားတယ် သူမဘာတွေးနေတယ်ဆိုတာကို ဘယ်သူမှခန့်မှန်းနိုင်မှာ မဟုတ်ဘူး..
"တစ်ယောက်ယောက်လိုက်လာတယ်" ရှီရင်းက ရုတ်တရပ်ပြောလိုက်တယ်
ရှီရှန်းက မေးစေ့ကိုပင့်ထားတဲ့ လက်ကို ချလိုက်ပြီး နောက်ကြည့်မှန်ကိုကြည့်လိုက်တယ်
ခပ်မှောင်မှောင်လမ်းကျဉ်းလေးထဲမှာ သူမတို့ကားနောက်ခပ်လှမ်းလှမ်းကနေ ကားတစ်စီးက ကားမီးပိတ်ပြီး တိတ်တဆိတ်လိုက်လာနေတယ်
ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ နောက်လိုက်လာတဲ့ကားက သူမတို့ကားကို ဝင်တိုက်တော့မယ့် ပုံနဲ့ အရှိန်ကို ရုတ်တရပ်မြှင့်လိုက်တယ်
တစ်ချိန်ထဲမှာပဲ ပန်းခင်းထဲကနေ အရိပ်တစ်ချို့ခုန်ထွက်လာကြတယ်
"တစ်ယောက်ယောက်ကတော့ ကိုယ့်သေတွင်းကိုယ် တူးနေပြီပဲ.." ရှီရှန်းက ကားကို ရပ်ပြီး ရှီရင်းကိုပြောလိုက်တယ် "ကားထဲကထွက်ပြီး ခပ်လှမ်းလှမ်းမှာ သွားရပ်နေလိုက်..ရှင့်ကို သွေးတွေလာမစင်စေနဲ့.."
ရှီရင်း"......." 'ငါပြောရမယ့် စကားတွေလားလို့ပဲ..'
နှစ်ယောက်သား ကားထဲက ထွက်ပြီး ဆန့်ကျင်ဘက် အရပ်မျက်နှာတွေဆီကို အမြန်ပြေးသွားကြတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.