Unicode
ချင်လန်ယွဲ့ရဲ့အော်သံကြောင့် လူအများက ရှီရှန်းရှိနေတဲ့ရေကန်စပ်ကို၀ိုင်းထားလိုက်ကြတယ်
"ရှန့်ယောင်ကွမ်း..ကြာပန်းကိုအခုချက်ချင်းထုတ်ပေးစမ်း..."
ရှီရှန်းကဓါးကိုခပ်တင်းတင်းဆုပ်ကိုင်ပြီး ရုပ်ချင်လန်ယွဲ့ကို ရင်ခွင်ထဲထည့်ဖက်ထားအမျိုးသားကိုလှမ်းကြည့်လိုက်တယ်အမျိုးသားကိုမှတ်မိသွားတော့ရှီရှန်းက နံရံကိုခေါင်းနဲ့ပြေးဆောင့်ချင်စိတ်ပါပေါက်သွားတယ် 'အဲ့ဒီမြွေဘုရင်က ဇာတ်လိုက်မရဲ့မောင်းထီးဆောင်ထဲကိုရောက်သွားပြန်ပြီလား...'
ရှီရှန်းကသူမရဲ့နာမည်ကိုရှင်းဖို့စိတ်ကူးမရှိတော့ဘူး
'ဗီလိန်ဘာပြောပြောမှားနေတယ်ဆိုတဲ့လောကကြီးထဲမှာ ရှင်းပြနေမယ်ဆိုလည်းတံတွေးထွက်ရုံလောက်ပဲရှိမယ်..'ရှီရှန်းက ဇာတ်လိုက်မကိုအဓိပ္ပါယ်ပါပါပြုံးပြပြီး လူအုပ်ကြီးကို စကားတစ်ခွန်းပြောလိုက်တယ် " ကြာပန်းကိုလိုချင်လား.."
"မေးနေစရာလိုသေးလို့လား...အခုချက်ချင်းထုတ်ပေးစမ်း.." ကျင့်ကြံသူတစ်ယောက်ကအော်လိုက်တယ်.
ရှီရှန်းကသူ့ရဲ့စကားကိုလျစ်လျူရှုပြီး ဆက်ပြောတယ် " မဖြစ်နိုင်စရာတော့မရှိပါဘူး.."
ရှီရှန်းက ခနလောက်ရပ်ထားတယ်
" အပြန်အလှန်အနေနဲ့ ချင်လန်ယွဲ့ကို ကျွန်မအတွက်ဖမ်းပေးနိုင်မလား.."ရှီရှန်းရဲ့စကားကိုကြားတဲ့အချိန်မှာ ချင်လန်ယွဲ့ရဲ့မျက်နှာက တင်းခနဲ ဖြစ်သွားတယ်
" ချင်လန်ယွဲ့လား... သူမကိုဘာလို့လိုချင်တာလဲ.." လူအုပ်ကြီးက အခြေအနေကိုသံသယဖြစ်သွားကြတယ်
'သူတို့၂ယောက်ကရန်ငြှိုးရှိကြတာလား.'"နင်တို့နဲ့မဆိုင်ပါဘူး.. ငါနင်တို့ကိုအခွင့်အရေးပေးထားတာနော်..ချင်လန်ယွဲ့ကိုဖမ်းပေးမလား..ဒါမှမဟုတ်ရင် ကြာပန်းကို ငါဖျက်ဆီးပစ်လိုက်ရမလား.." ရှီရှန်းက သူမဆီမှာ ကြာပန်းတကယ်ရှိနေသလိုပုံဖမ်းလိုက်တယ်
"ရုတ်ရုတ်ရုတ်ရုတ် တော့လာမလုပ်နဲ့နော်..နင်တို့တွေဘာတစ်ခုမှမလုပ်ရသေးခင် ကြာပန်းကိုငါဖျက်ဆီးပစ်လိုက်လို့ရတယ် ဆိုတာသိထား.."
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.