Unicode
အသစ်စက်စက်နတ်ဘုရားလေး ရှီရင်းကြောင့် ကျောင်းမှာအတော်လေးရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတယ် သူတို့အခန်းရှေ့မှာ ရှီရင်းကိုကြည့်ဖို့သပ်သပ် လာရပ်စောင့်တဲ့သူတွေမှအများကြီးပဲ
နေ့တစ်ဝက်လုံး ရှီရှန်းပျောက်နေတာကြောင့် ရှီရင်းရဲ့စိတ်ထဲမှာ ပြသနာတစ်ခုခုတက်တော့မလို ခံစားနေရတယ်
နေ့လယ်ခင်းစာသင်ချိန်ပြီးတဲ့အခါမှာတော့ ကျောင်းဆင်းပြီဖြစ်တယ် ရှီရင်းကတော့ အသဲအသန်အရူးအမူးအော်ဟစ်နေကြတဲ့ မိန်းကလေးအုပ်ကြီးကြားထဲကနေ မနဲတိုးထွက်ခဲ့ရတယ်
အရမ်းဆူညံလွန်းတာကြောင့် ရှီရင်းက လူရှင်းတဲ့လမ်းဘက်ကပဲပြန်လာခဲ့လိုက်တယ်
ဒါပေမယ့် သူဆက်လျှောက်လေလေ စိတ်ထဲလေးလာလေလေပဲ
သူရေွးခဲ့တဲ့လမ်းက လူရှင်းတယ်ဆိုပေမယ့် တစ်ယောက်မှ မရှိလောက်အောင်လူပြတ်တာမျိုးလည်းမဟုတ်ပါဘူး
ရှီရင်းက ခနရပ်ပြီးအနောက်ကိုပြန်ကြည့်လိုက်တယ်
သူ့အနောက်ကနေခိုးလိုက်လာတဲ့ ကျောင်းသူအုပ်စုက သူလှည့်လာတာကိုမြင်တော့ ဝမ်းသာအားရအော်တော့မယ့်ပုံပြင်နေကြပေမယ့် ဘာလို့မှန်းမသိ ခြေလှမ်းပြန်ဆုတ်သွားကြတယ် သူတို့ကိုကြည့်ရတာ တစ်ခုခုကိုမြင်လိုက်ရလို့ လန့်သွားတဲ့ပုံမျိုးပဲ
ရှီရင်းကသူ့လမ်းသူဆက်သွားဖို့ ရှေ့ကိုပြန်လှည့်လိုက်တဲ့အချိန်မှာပဲ အမြင်လွှာတစ်ခုလုံအမှောင်ကျသွားပြီး လဲကျသွားတော့တာပဲ
'ဘယ်သူလဲ ဘယ်သူကများအတင့်ရဲလို့ ငါ့ကို နေ့ခင်းကြောင်တောင်လုပ်ကြံရဲရတာလဲ...'
ဒါက ရှီရင်းလုံးဝသတိလွတ်မသွားခင် နောက်ဆုံးတွေးမိလိုက်တဲ့အရာပဲ
.................
နှင်းဝေတဲ့ညမှာ လရောင်ဖျဖျက အခန်းထဲကိုထိုးဖောက်ဝင်နေတာကြောင့် ငွေရောင်ဖျော့ဖျော့လင်းနေစေတယ်
ရှီရင်းရဲ့ လက်ချောင်းလေးတွေကွေးသွားပြီး နူးညံ့ပြီး အေးမြတဲ့ အရာတစ်ခုခုကိုထိမိလိုက်သလိုခံစားလိုက်ရတာ

VOCÊ ESTÁ LENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Ficção AdolescenteThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.