Unicode
"ကျွန်မဘာလုပ်နေလဲ ဟုတ်လား.."ကျင်းရှောင်ယွီကအေးစက်စွာရီလိုက်တယ်"သူမက အလွန်ဆုံးရှိရင် ကျွန်မထက် ၁နှစ် ၂နှစ်လောက်ပဲကြီးမှာ...အဲ့ဒါတောင် ကျွန်မရဲ့မိထွေးဖြစ်ချင်နေသေးတယ်ပေါ့....အေးလေ..သူမမှာ ကြည့်လို့ကောင်းတဲ့ခန္ဓာကိုယ်ရှိတာပဲ....ရောင်းစားဖို့ရာအတွက် စျေးကောင်းရမယ့် ဖောက်သည်ရှာနေတာထင်တယ်..."
"ဖြန်း!!!!"
ကျင်းရှောင်ယွီက သူမရဲ့အဖေကို ဒေါသတကြီးစိုက်ကြည့်လိုက်တယ်
"......ဒီမိန်းမအတွက်နဲ့...ကျွန်မကိုရိုက်တယ်..."ကျင်းသခင်ကြီးက သူ့သမီးကိုရိုက်မိသွားတာကိုသတိထားမိသွားတော့ နောင်တရသွားပုံပေါ်ပေမယ့် သူမရဲ့မျက်လုံးထဲက မုန်းတီးရိပ်တွေကို မြင်ပြီးဒေါသပြန်ထွက်လာတယ်
'သူ့အမေသေကတည်းက မျက်နှာထားကအမြဲဒီလိုဖြစ်နေတာ...ငါ့ကိုကြည့်လိုက်တိုင်း သူ့ဆီမှာအကြွေးအကြီးကြီးတင်နေတဲ့လူလိုပဲ..ငါအလုပ်ကိစ္စနဲ့အပြင်ထွက်တုန်း သူ့အမေသေသွားလိမ့်မယ်လို့ ငါဘယ်သိပါ့မလဲ..'"လူကြီးတွေရဲ့ကိစ္စကို နင်ေ၀ဖန်လိုဘူး...အခုချက်ချင်းအခန်းထဲ၀င်!!!" ကျင်းသခင်ကြီးရဲ့မျက်နှာက တင်းမာနေတယ်
"ကောင်းပြီ...ရှင်က ကျွန်မကိုမမြင်ချင်တော့ဘူးမလား...ကျွန်မထွက်သွားမယ်...ဒီကိစ္စကိုမပြီးသေးဘူးမှတ်!!!!! "
ကျင်းရှောင်ယွီက ဒေါသတကြီးအော်ပြီး ထွက်သွားတယ်"......ရှောင်ယွီ!!!....အိုက်ယား....ရှင် ကလေးကိုဘာလို့အော်လိုက်ရတာလဲ..." ပိုင်ေ၀ကစိတ်မကောင်းစွာပြောလိုက်တယ်
"ဘာကိုကလေးလဲ...သူမကအခု အသက်၂၀ရှိနေပြီ...ကလေးမဟုတ်တော့ဘူး...သူမကိုလျစ်လျူရှုထားလိုက်.."
ကျင်းသခင်ကြီးက သူ့သမီးရဲ့ ငလန်ကဆန်အပြုအမူကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်............
သက်တော်စောင့်တွေလာကြိုတဲ့အခါမှာ ဖူချင်းက သူတို့ကိုငြင်းဆိုလိုက်ပြီး တိုက်ခန်းထဲကနေမောင်းထုတ်လိုက်တယ် ရှီရှန်းရဲ့အတင်းအကြပ်တွန်းအားပေးတတ်တဲ့စရိုက်ကိုသိပြီးကတည်းက ဖူချန်းကသူမကိုနည်းအမျိုးမျိုးနဲ့ရအောင်လှည့်စားနေတယ်
ဖူချင်းကိုအ၀တ်အိတ်ထဲထည့်ပြီးပြန်ပို့မယ့်ရှီရှန်းရဲ့အစီအစဥ်က ပျက်သွားပြီး အဆုံးမှာတော့ ဦးလေးကျန်းက ဖူချန်းရဲ့အခြားပစ္စည်းဆွေကိုပါ သူမတိုက်ခန်းဆီလာပို့ပေးသွားတယ်
![](https://img.wattpad.com/cover/265773746-288-k515335.jpg)
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.