Unicode
ရှီရှန်းက ဆေးဘုရင်ရဲ့မီးပြင်းဖိုကိုပုကျင်းယွင်ဆီကိုထိုးပေးလိုက်တယ်
''ရှင့်အတွက်.....''ပုကျင်းယွင်ရဲ့မျက်လုံးတွေကမီးပြင်ဖိုကိုမြင်တော့လင်းလက်သွားပြီးတော့ရှီရှန်းကိုမမေးခင် သေချာစစ်ဆေးကြည့်လိုက်တယ်
''ဒါက.....ဆေးဘုရင်ရဲ့မီးပြင်းဖိုမလား''"ဟုတ်တယ်....ကြိုက်လား?''
ရှီရှန်းကသူမမျက်နှာကိုဂုဏ်ယူစွာနဲ့ပင့်ထားတယ်"ဒါကကောင်းကင်ဘုံပစ္စည်းပဲ''
'ဒီမိန်းမ ဒါကိုမသိဘူးလို့တော့မပြောနဲ့နော်,သူမကလွယ်လွယ်ကြီးပေးပစ်တယ်တဲ့လား,ဒါမှမဟုတ်ဒါအတုကြီးဖြစ်နေမလား,အတုကြီးလား'
'ငါကဒီကောင်းကင်ဘုံပစ္စည်းကိုရသွားတာနဲ့ပဲမင်းကိုကြိုက်တယ်လို့ပြန်ဖြေရမှာလား,အရူးမ'
ရှီရှန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးတော့လေးလေးနက်နက်ပြောလိုက်တယ်
''ကြိုက်ရင်ယူလိုက်.....မကြိုက်ရင်လည်းလွှင့်ပစ်လိုက်''ပုကျင်းယွင်, ''.....''
'မင်းကဒီလိုကောင်းကင်ဘုံပစ္စည်းကိုလွယ်လွယ်ကူကူပေးပစ်တယ်တဲ့လား,မင်းမိသားစုကမင်းအသုံးအဖြုန်းကြီးတာကိုရောသိကြရဲ့လား?'
ရှီရှန်းက အိပ်ရာပေါ်ကနေထပြီးတော့ညောင်စောင်းပေါ်ကိုလျှောက်သွားလိုက်တယ် ဒါပေမယ့်ရုတ်တရက်ပုကျင်းယွင်ရဲ့အကြည့်တွေကသူမကိုဆွဲခေါ်နေသလိုခံစားရတယ်
''ဘာတွေလာကြည့်နေတာလဲ?..ရှင်ကျွန်မကိုဆက်ကြည့်နေမယ်ဆိုရင် ရှင့်မျက်လုံးတွေကိုဖောက်ထုတ်ပစ်မယ်''ပုကျင်းယွင်''.....''
'မိန်းကလေးနဲ့တစ်စက်မှမတူဘူး, ဒါကြောင့်လည်း ယောကျ်ားလေးတစ်ယောက်ကိုပြန်ပေးဆွဲတာနေမှာ..'ပုကျင်းယွင်ကတစ်ဖက်ကိုလှည့်ပြီးပြန်ပက်တယ်
''ဘယ်သူကမင်းကိုကြည့်နေလို့လဲ...ဟမ့်..''အေးစက်နေတဲ့မီးပြင်းဖိုကသူ့ခန္ဓာကိုယ်အပူချိန်ကြောင့်တစ်ဖြည်းဖြည်းနွေးလာတယ်
ပုကျင်းယွင်ကသူဘယ်အချိန်မှာအိပ်ပျော်သွားလဲဆိုတာကိုသတိမထားမိလိုက်ဘူး သူနိုးလာတော့အခန်းကမှောင်မဲနေပြီးအပြင်ကညောင်စောင်းမှာလည်းတစ်ယောက်မှမရှိဘူး
![](https://img.wattpad.com/cover/265773746-288-k515335.jpg)
ŞİMDİ OKUDUĞUN
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Genç KurguThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.