Unicode
ရှီရှန်းက ပုကျင်းယွင်ကိုအေးအေးချမ်းချမ်းရှိမယ့်နေရာတစ်ခုဆီခေါ်သွားလိုက်တယ်
ပုကျင်းယွင်က အရမ်းကိုနာခံလွယ်နေတာကြောင့် ရှီရှန့်က သူ့ကိုတစ်ယောက်ယောက်များလူစားထိုးသွားပြီလားဆိုတာကိုသံသယဖြစ်လာတယ်
'မဟုတ်ရင် သူကဘာဖြစ်လို့ အရမ်းတွေနာခံလွယ်နေရတာလဲ...'"ရော့...ဒီမှာ အဆိပ်ဖြေဆေး..."
ရှီရှန်းက ဆေးလုံးတစ်လုံးကို ပေးလိုက်တယ်"ဟမ့်"
ပုကျင်းယွင်ကဆေးမသောက်ခင်ခပ်ရွဲ့ရွဲ့ပြောလိုက်သေးတယ်'ချီး....တဟမ့်ဟမ့်နဲ့...ဒီကောင်ဘာဖြစ်နေတာလဲ...'
"မင်း...မင်း...ငါ့ကို...ဘယ်..ဘယ်ချိန်ထိခေါ်ထားမှာလဲ..."
ဆေးသောက်ပြီးတာနဲ့ပုကျင်းယွင်ကဒီမေးခွန်းကိုရုတ်တရပ်မေးလိုက်တယ်
ရှီရှန်းကခေါင်းကိုတောင်မမော့ဘဲနဲ့ခပ်အေးအေးလေးပြောလိုက်တယ်
"တစ်ဘ၀လုံး..."'တစ်ဘ၀လုံး..'
ဒီစကားလုံးကပုကျင်းယွင်ရဲ့စိတ်ထဲမှာပဲ့တင်ထပ်နေပြီး သူ့နှလုံးသားထဲမှာတစ်စုံတစ်ခုသောအရာကိုပေါက်ဖွားလာစေတယ်သူ့နှုတ်ခမ်းတွေကပြုံးယောင်ယောင်ဖြစ်သွားပြီး နားရွက်တွေကလည်းပန်းရောင်သမ်းနေတယ် ခနလောက်အကြာမှာမှသူကစကားတစ်ခွန်းပြန်ပြောလိုက်တယ်
"အရှက်ကိုမရှိဘူး...""ဟေး...ကျွန်မကဘာကိုအရှက်မရှိတာလဲ.." ရှီရှန်းကမတ်တပ်ထရပ်လိုက်ပြီး စားပွဲကိုလက်နှစ်ဖက်နဲ့ထောက်ထားကာ သူမရဲ့ခန္ဓာကိုယ်ကို ပုကျင်းယွင်ဘက်ကိုတိုးကပ်လိုက်တယ် "ဒီမှာ...ရှင့်ခန္ဓာကိုယ်ကိုကျွန်မထိတောင်မထိရသေးဘူးနော်...အကျိုးသင့်အကြောင်းသင့်ပြော.."
ပုကျင်းယွင်ကဆွံ့အသွားပုံပေါ်ပြီး ဟန်ချက်ပျက်သွားကာ သူထိုင်နေတဲ့ထိုင်ခုံပေါ်ကနေတောင်ပြုတ်ကျသွားတယ်
သူကတစ်ကိုယ်လုံးကိုလှိုက်စားနေတဲ့နာကျင်မှုကိုတောင့်ခံပြီးခေါင်းငုံ့ထားကာ အံကြိတ်ပြီးပြောလိုက်တယ်
"အပြင်ထွက်.." အံကြိတ်ရင်းပြောထားတာကြောင့်သူ့အသံကလုံးထွေးနေတယ်
ရှီရှန်းကသူ့ကိုထူပေးဖို့လုပ်နေပေမယ့် ဒီအသံကိုကြားတော့ သူမရဲ့လက်က လေထဲမှာတန့်သွားတယ် ရှီရှန်းက အခန်းထဲကချက်ချင်းထွက်သွားပြီး တံခါးကိုပါပိတ်သွားလိုက်တယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.