Unicode
အဆုံးမှာတော့ ချင်လန်ယွဲ့က ချင်ခွေ့သေဆုံးမှုရဲ့တရားခံတွေကိုဖမ်းမိသွားပြီး မူလဇာတ်ကြောင်းမှာလိုပဲ သူတို့ရဲ့ အမျိုးသားအင်္ဂါတွေကိုမသန်စွမ်းတော့အောင်လုပ်ပစ်လိုက်တယ် ရလဒ်အနေနဲ့ အဲ့ဒီသူတွေရဲ့ အိမ်တော်အသီးသီးက သူမကို လက်စားချေဖို့ချောင်းမြောင်းနေကြတော့တာပဲ သူမက သေလုနီးပါး အခြေအနေကနေ အမြဲတမ်း ကပ်သီးလေး လွတ်မြောက်လာရတယ်
ဒါ့အပြင် အမျိုးသားဇာတ်လိုက်ကလည်း သူမအတွက် ကိစ္စတွေကိုပိုခက်ခဲလာအောင်လုပ်လေ့ရှိတယ် ဒီနေ့ရက်တွေဟာ ချင်လန်ယွဲ့အတွက်တော့ကံဆိုးမိုးမှောင်ကျတဲ့အချိန်တွေပဲ...ရှီရှန်းတောင်မှ ဇာတ်လိုက်မရဲ့မလွယ်ကူသော ဘ၀ အတွက် ခံစားမိလာရတယ်
'မိုက်လိုက်တာသမီးရယ်...လက်စားချေမယ်ဆိုလည်း အစကတည်းကသက်သေမကျန်အောင်လုပ်မှပေါ့..'"ငါ့နောက်ကိုဘာလို့လိုက်နေတာလဲ...စောက်ကောင်!!! "
ချင်လန်ယွဲ့ကကျွင်းဟန်လင်းကို ရိုက်ဖို့ရွယ်လိုက်တယ်
'ငါ ဒီနေ့တင် သေလုနီးပါးဖြစ်နေပြီ...ဒီကျက်သတုံးကောင်က ငါ့ကိုပြသနာတွေပေးနေတုန်းပဲ'ကျွင်းဟန်လင်းကတစ်ချက်တွန့်သွားတယ် သူ့မျက်လုံးထဲမှာ လူသတ်ချင်တဲ့အရိပ်အယောင်တွေပေါ်လာပေမယ့် ခေါင်းကိုငုံ့ပြီး တုံတိဘာဝေပုံစံပြန်ပြောင်းလိုက်တယ်
"မိန်းမ...စိတ်မဆိုးပါနဲ့... လူဆိုးတွေကို ကိုယ်ရိုက်သတ်ပေးပါမယ်.."ချင်လန်ယွဲ့ကဒေါသတကြီးအော်လိုက်တယ်
"နင်က ဘယ်သူ့ကိုရိုက်သတ်နိုင်လို့လဲ...စောက်ရူးကောင်...ငါ့နောက်ကိုမလိုက်ခဲ့နဲ့..."ဒေါသူပုန်ထနေတဲ့ချင်လန်ယွဲ့က အမျိုးသားဇာတ်လိုက်ကို ချန်ခဲ့ပြီး ၀ုန်းဒိုင်းကြဲထွက်သွားတယ်
ကျွင်းဟန်လင်းက သူ့မြင်ကွင်ထဲကနေ ချင်လန်ယွဲ့လုံး၀ပျောက်သွားတော့မှ သူ့ရဲ့ထက်မြက်အေးစက်တဲ့ ပုံစံကိုပြန်ပြောင်းပြီး ချင်လန်ယွဲ့ထွက်သွားတဲ့ဘက်ကို စူးရှစွာစိုက်ကြည့်နေတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.