Unicode
ပုကျင်းယွင်ကတကယ်ကိုအားနည်းပြီးဖျော့တော့နေတယ် လက်သည်းရာအနည်းငယ်ကကြောင့် နေ့တစ်၀က်လောက်နီးပါး အဖျားတက်နေတယ်
သက်တော်စောင့်ကသူဒေါသတွေကိုရှီရှန်းအပေါ်ပေါက်ကွဲလိုက်မိပေမယ့်လည်း စိတ်ထဲကတော့မပါဘူး သူကတိမ်လွှာနီပန်းပွင့်ကိုမြင်တယ်လေ...
'အဲ့ဒီပန်းက သခင်တစ်ချိန်လုံးလိုက်ရှာနေတဲ့ပန်းမဟုတ်ဖူးလား..ဒီမိန်းမက အပေါက်သာဆိုးတာ.. သခင့်အပေါ် သိတတ်သားပဲ .'
သူတို့နှစ်ယောက်ကပုကျင်းယွင်ကိုသစ်တောထဲကနေတတ်နိုင်သမျှမြန်မြန်ခေါ်ထုတ်ခဲ့တယ် ဒါပေမယ့်သူတို့တွေလေးထောင့်မြို့ကိုရောက်တော့ ပုကျင်းယွင်ရဲ့ဒဏ်ရာတွေကသူ့ဘာသာသူပြန်ကျက်စပြုနေပြီ..
သက်တန့်ကြာပန်းအတွက်တိုက်ပွဲပြီးတဲ့နောက်မှာ အဖွဲ့တိုင်းက သစ်တောထဲကနေပြန်ထွက်လာကြပြီး လေးထောင့်မြို့ကိုလက်စားချေတိုက်ခိုက်ဖို့စုဝေးနေကြတယ်..ဒါပေမယ့် လေးထောင့်မြို့ရဲ့အကာအကွယ်အင်အားက အတော်လေးကြံ့ခိုင်တာကြောင့် မြို့ကိုကာကွယ်ထားနိုင်တယ် ဒါ့အပြင် ရန်သူအဖွဲ့တွေကလည်းအချင်းချင်းမညီညွတ်ကြတာကြောင့် တိုက်ပွဲကထင်သလောက်မပေါက်ရောက်ဘူး..
သူတို့မညီညွတ်ရတဲ့ကိစ္စရဲ့နောက်ကွယ်ကအကြောင်းအရာက ချင်လန်ယွဲ့ ပဲ..
ရှီရှန်းက ချင်လန်ယွဲ့ရဲ့ ပစ္စည်းသိုလှောင်လက်ကောက်ကို လူအများရှေ့မှာဖွင့်ပြခဲ့တယ်လေ..
ဇာတ်လိုက်မပိုင်တဲ့ပစ္စည်းဖြစ်လို့ အဲ့ဒါကလည်း အတော်လေးရှားပါစာရင်း၀င်တယ်..သူတို့တွေက သက်တန့်ကြာပန်းကိုမရလိုက်တဲ့အပြင် ကုန်းမြေကိုးပါးကိုလည်း လက်ဗလာနဲ့မပြန်ချင်ကြတာကြောင့် ဒီလက်ကောက်အတွက် အချင်းများကြပြန်တယ်
ဒါပေမယ့် ချင်လန်ယွဲ့ရဲ့ အစောင့်အရှောက်သားရဲက အချိန်မှီနိုးလာပြီး သူမရဲ့နံပါတ်၁ကာကွယ်စောင့်ရှောက်သူ ကျန့်မူနဲ့အတူ ထွက်ပြေးသွားတယ်..
"လန်ယွဲ့...မင်းတစ်ခုခုစားမှဖြစ်မယ်.." ကျန့်မူက ချင်လန်ယွဲ့ရဲ့ဘေးမှာ သစ်သီးတချို့ကို ချပေးလိုက်တယ် သူ့ရဲ့ခါတိုင်းလိုအေးစက်တောင့်တင်းတဲ့မျက်နှာပေါ်မှာ ဂရုစိုက်မှုနဲ့စိတ်မကောင်းဖြစ်မှုတွေထင်ဟပ်နေတယ်..
ESTÁS LEYENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Novela JuvenilThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
