Unicode
သက်တော်စောင့်ခေါင်းဆောင်ကတံခါးခေါက်ပြီးမှအထဲကိုပြန်ဝင်လာတယ် ဘာတွေဖြစ်နေတာလဲဆိုတာကိုသူနားမလည်ပေမဲ့အတော်ကိုတော့စိတ်ရှုပ်သွားတယ်
"....''
'ငါတို့ခန်းမသခင်နဲ့ဒီကောင်မလေးကြားမှာဘာတွေဖြစ်ထားလဲ...တကယ်ကိုနားမလည်တော့ဘူး'ပုကျင်းယွင်ကအိပ်ရာပေါ်မှာအားမရှိစွာလဲလျောင်းနေတယ်
''သူမကိုအသက်ရှင်လျက်ရအောင်ဖမ်း''သက်တော်စောင့်ခေါင်းဆောင်ကနှုတ်ခမ်းကိုပင့်လိုက်တယ်
'သခင်, သူမလက်ထဲကဓားကိုမမြင်ဘူးလား, အချိန်မရွေးသခင့်ကိုသတ်လိုက်နိုင်တယ်..ပြီးတော့သူမကိုအသက်ရှင်လျက်ဘာလို့ဖမ်းရမှာလဲ, ဒီမိန်းမကအသက်ကိုရှင်မနေသင့်တာ'သက်တော်စောင့်ခေါင်းဆောင်ကသူမလက်ထဲမှာသခင်ရှိနေတုန်း သူမကိုရန်မစရဲတာကြောင့်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးယဥ်ယဥ်ကျေးကျေးပြောလိုက်တယ်
''မိန်းကလေး...ရန်အငြိုးအတေးတွေရှိနေရင်လည်းစိတ်ဖြေလိုက်ပါတော့...ကျွန်တော်တို့သခင်ကိုလွှတ်ပေးသ၍ဘာမှမဖြစ်စေရပါဘူး..... မိန်းကလေးစိတ်တိုင်းကျဖြစ်စေရပါမယ်...''"အိုး...ငါကလည်းသူ့ကိုပြန်လွှတ်ပေးမလို့ပါ''ရှီရှန်းက ဓားကိုသိမ်းပြီးပြောလိုက်တယ်
သက်တော်စောင့် ခေါင်းဆောင် ''.....''
'အဲ့လောက်တောင်လွယ်သလား,သူမအခြားတစ်ခုခုများကြံစည်နေသလားပဲ'သူကဘေးပတ်ပတ်လည်ကိုကြည့်လိုက်တယ် '...မူမမှန်တာတော့မတွေ့ပါဘူး..'
မိန်းကလေးရဲ့စကားသံကသူ့နားထဲကိုဝင်လာတယ်
''ကျွန်မသူ့ကိုအဆိပ်ခပ်ထားပြီးသား,ကျွန်မရဲ့အဆိပ်ဖြေဆေးမရှိရင်သူသေလိမ့်မယ်...အဲ့တော့သူချောင်းအဆိုးလွန်ပြီးသေသွားမှာကိုမကြောက်ရင်ပြန်ခေါ်သွားလို့ပြောချင်တာ''သက်တော်စောင့်ခေါင်းဆောင် ကသူ့သခင်ကိုကြည့်လိုက်တယ်
'ခန်းမသခင် သူမအမှန်တွေပြောနေတာလား?'ပုကျင်းယွင်ကစိတ်ညစ်ညစ်နဲ့အကြည့်ကိုလွှဲလိုက်တယ်
သက်တော်စောင့်ခေါင်းဆောင် ''.....''
'သခင်ကရှက်လွန်းလို့ဒေါသထွက်ပြီးအကြည့်လွှဲသွားတာပဲ,ဒါဆိုတစ်ကယ်ကြီးပေါ့'
![](https://img.wattpad.com/cover/265773746-288-k515335.jpg)
ESTÁS LEYENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Novela JuvenilThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.