Unicode
ရှီရှန်းပြန်ရောက်လာတော့ systemက သူမရဲ့အပြုအမူတွေနဲ့ပုံစံကိုသေချာကြည့်တယ် သူမပုံမှန်ဖြစ်နေတယ်ဆိုတာသေချာမှပြီးခဲ့တဲ့ကမ္ဘာကအချက်အလက်တွေကိုscreenပေါ်မှာဖော်ပြလိုက်တယ်
systemကသူမရောက်ရောက်ခြင်းသောင်းကျန်းမယ်ထင်နေတာအခုမှပဲ စိတ်သက်သာရာရသွားတော့တယ်
အမည်: ရှီရှန်း
ကိုယ်ကျင့်တရားရမှတ်: -128,000
အသက်အမှတ်: 25
ကူညီမှုရမှတ်: 17000
မစ်ရှင် အဆင့်: C
မစ်ရှင်အမှတ်: 91
လျို့ဝှက်မစ်ရှင်: အောင်မြင်
လျို့ဝှက်မစ်ရှင် ဆုလဒ်: 2000 ကူညီမှုရမှတ်
အပိုမစ်ရှင်: အောင်မြင်
အပိုမစ်ရှင် ဆုလဒ်:1500အကူအညီရမှတ်,
အကူအညီပစ္စည်း :တစ္ဆေဘုရင်၏နှလုံးသား
ပစ္စည်းစာရင်း: ဘုရင်မသရဖူ, တစ္ဆေဘုရင်၏နှလုံးသား
ရှီရှန်းက screenပေါ်မှာပြထားတဲ့အချက်အလက်တွေကိုအမူအယာကင်းမဲ့စွာကြည့်နေတယ် ခနကြာတော့မှသူမစကားထုတ်ပြောတယ်
''နောက်ကမ္ဘာကိုပြောင်းတော့လေ''[.......]
'Host, စိတ်ထဲမှာတစ်ခုခုရှိနေရင်, ထုတ်ပြောလိုက်ပါ,သူအဲ့လိုကြီးနေနေတာကပိုကြောက်ဖို့ကောင်းတယ်, '#host ကတစ်ခုခုကြီးကြီးမားမားတွေလုပ်တော့မယ်လို့ထင်နေတာငါတစ်ယောက်တည်းလား#
[ ကူပြောင်းခြင်းစတင်.... ]
......."အရှင်မင်းသမီး, ကျွန်မတို့ ချန်အန်းကိုရောက်ပါပြီ''
ရှီရှန်းကခေါင်းမူးနေပြီးတော့သူမကိုတစ်ယောက်ယောက်စကားလာပြောတာကိုကြားတော့မှမျက်လုံးတွေကိုဖြည်းဖြည်းလေးဖွင့်လိုက်တယ်
သူမဘေးမှာကောင်းကောင်းမွန်မွန်ဝတ်စားထားပြီးတော့ချောမောတဲ့မိန်းကလေးတစ်ယောက်ရှိနေတယ် သူမကိုကြည့်ရတာအစေခံပုံစံမျိုးပဲ
သူမတို့ကရထားလုံးထဲမှာရောက်နေတာဖြစ်ပြီးတော့အဲဒီမိန်းကလေးအသက်၁၃,၁၄အရွယ်လောက်ရှိမယ် သူမကခန်းစီးကိုဖွင့်ပြီးတော့အပြင်ကိုစိတ်လှုပ်ရှားနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတယ်
ESTÁS LEYENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Novela JuvenilThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.