Unicode
သခင်မချီကိုမြေတိုက်ခန်းထဲမှာ ပိတ်ထားပြီးမှပဲ အန်းစုလည်းစိတ်ကိုလျှော့ချလိုက်ပြီး အကူအညီတွေသွားခေါ်တယ်
မြေတိုက်ခန်းက ချီအိမ်တော်၀င်းရဲ့အလှဆင်တောင်ကုန်းအတုရဲ့ အနောက်မှာရှိတဲ့အပြင် အပေါက်၀ကိုအပင်တွေနဲ့လည်းဖုံးနေတာကြောင့် ရှာတွေ့ဖို့မလွယ်ဘူး..အဲ့ဒါကြောင့် ဒီနေရာရှိမှန်း ဘယ်သူကမှမသိကြဘူး..
ဘဏ္ဍာထိန်းအဘိုးက လျှို့၀ှက်၀င်ပေါကိုမြင်တော့ အရမ်းအံ့သြသွားပုံပေါ်တယ် သူ့ကြည့်ရတာ ဒီမှာ မြေတိုက်ခန်းရှိနေတာတောင် သိပုံမရဘူး..
အဲ့လိုတွေဖြစ်နေတုန်းမှာ ရှီရှန်းက ဘေးကနေတိတ်တိတ်လေးပဲရပ်ကြည့်နေတယ် ဖုန်းကျင်းက သူမကိုလှည့်ကြည့်လိုက်တော့ ရှီရှန်းက မျက်နှာကို ခပ်ချီချီမော့ပြလိုက်ပြီး ပျောက်သွားတယ်
ဘဏ္ဍာထိန်းအဘိုးတို့ မြေတိုက်ခန်းထဲကို၀င်လာတော့ သခင်မချီကသေဆုံးနေပြီး အန်းစု ခုနကတွေ့ခဲ့တဲ့ အမဲလိုက်ခွေးကြီးနှစ်ကောင်ကလည်း သူမရဲ့အလောင်းကိုကိုက်ဖဲ့စားသောက်နေကြတယ်
'လူအသားကိုပုံမှန်စားနေရတဲ့ခွေးတွေကသာ လူအသားကိုစားကြတာ..'
ဒီအတွေးကြောင့် ဘဏ္ဍာထိန်းအဘိုးက အရမ်းလန့်သွားတယ်
'မဖြစ်နိုင်ဘူး..သခင်မက ပုံမှန်ဆိုရင် အရမ်းနူးညံ့တဲ့ဟာကို..ဘယ်လိုလုပ်ပြီး လူသတ်မှာလဲ..'
အစေခံတွေတော်တော်ကြိုးပမ်းပြီးသွားမှပဲ ခွေးနှစ်ကောင်ကို ဖယ်ထုတ်လိုက်နိုင်တယ် မြေတိုက်ခန်းထဲမှာ လူအရိုးတွေအများကြီးထပ်တွေ့ရသေးတယ် အဲ့ဒီအထဲမှာ ဘဏ္ဍာထိန်းအဘိုးပြောတဲ့ နောက်ဆုံးအလုပ်ထွက်သွားတဲ့အစေခံရဲ့အလောင်းကိုတွေ့ရတယ် သူမရဲ့အလောင်းကနွေးနေသေးပြီး သေသွားတာမကြာသေးတဲ့ပုံပဲ..
ရှီရှန်းက မြေတိုက်ခန်းကိစ္စကိုကြည့်မနေတော့ဘဲ အိမ်ရဲ့စတုတ္ထအထပ်ကိုသွားတယ်
ဒုတိယအထပ်က အိမ်ပိုင်ရှင်တွေနေကြပြီး တတိယထပ်ကအပန်းဖြေဆောင်ဖြစ်တယ် စတုတ္ထထပ်ကိုတော သော့ခတ်ပြီးချိတ်ပိတ်ထားတယ်
DU LIEST GERADE
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
JugendliteraturThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
