Unicode
သူသတိရလာတဲ့အချိန်မှာ ဖူချင်းပထမဆုံးမြင်လိုက်တာကတော့ ၀ိုင်းစက်နေတဲ့လမင်းကြီးပဲ...
'ငါသေသွားပြီလား...ငရဲမှာလဲ လ ရှိတယ်ပေါ့.'"အိပ်မက်မက်မနေနဲ့တော့...နင်မသေသေးပါဘူး"
ပျော့ပျောင်းတဲ့အသံကိုကြားလိုက်ရမှ ဖူချင်းလည်း အသိပြန်၀င်သွားပြီး ထထိုင်လိုက်တယ်
သူနဲ့မျက်နှာချင်းဆိုင်မှာ မိန်းမလှလေးတစ်ယောက်က လမင်းကြီးကို နောက်ကျောပေးပြီးထိုင်နေတယ်
လရောင်ကသူမကိုအရှိန်အဝါတွေထောက်ပံ့ပေးနေတယ်
အလင်းလွှာလေးတွေဖုံးအုပ်ထားတာကြောင့်သူမကိုအိမ်မက်ထဲနတ်သမီးလေးအလားလှပစေတယ်
သူစိတ်ကူးထားတဲ့ပုံစံအတိုင်းပဲတောက်ပတဲ့လမင်းကြီးရယ်, အေးချမ်းတဲ့လေပြည်လေးရယ်နဲ့လှပတဲ့နတ်သမီးလေးတစ်ယောက်ရယ်ဒါပေမယ့် သူမရဲ့စကားတွေကတော့ကြားရသူကို ကျောရိုးတစ်လျှောက် ကြက်သီးမွှေးညှင်းထသွားစေပြီး အရမ်းကိုအပေါက်ဆိုးတဲ့အတွက် ခုနက သူမြင်လိုက်တဲ့ ပုံရိပ်လှလှလေးလည်း ချက်ချင်းပျောက်ကွယ်သွားတယ်
သူမက သူ့ဘ၀ကိုအချိန်မရွေးအဆုံးသတ်ပေးတော့မယ့် မကောင်းဆိုး၀ါးတစ်ကောင်လိုပဲ..."နောက်တစ်ကြိမ်လောက်ခံစားကြည့်ချင်သေးလား...သေရတာကလေ..တကယ်တော့ ကြောက်ဖို့မကောင်းပါဘူး..တကယ်တမ်းကြောက်ဖို့ကောင်းတာက ..ငါကနင့်စိတ်တိုင်းကျသေဖို့ခွင့်မပြုနိုင်တာပဲ..."
ဖူချင်းကသူမကိုငေးကြည့်နေတယ်
ရှီရှန်းကခါးကိုဆန့်ပြီးမတ်မတ်ထိုင်လိုက်တယ်
"ကမ္ဘာပေါ်မှာကြောက်ဖို့အကောင်းဆုံးအရာက ဘာလဲသိလား"
ဖူချင်းကခေါင်းကိုခါယမ်းလိုက်တယ်"သေခါနီးဆဲဆဲဖြစ်နေတာတောင် မသေနိုင်တဲ့ဘ၀လေ...နင့်ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာတွေနဲ့စုတ်ပျက်သတ်နေရင်တောင် ဆူးတွေအပြည့်ဖြစ်နေတဲ့ကမ္ဘာကြီးမှာ နင်ဆက်ပြီးအသက်ရှင်ရလိမ့်မယ် ကိုယ့်ဘ၀ကိုတစ်ယောက်ယောက်က စိတ်တိုင်းကျချုပ်ကိုင်ခံထားရပြီးတော့ပေါ့...."
ရှီရှန်းရဲ့လေသံမှာ ခါးသီးမှုတွေပျော်၀င်နေတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.