Unicode
ရှီရှန်းက လျန်ကော အင်းစာရွက်တွေကို အသံဖမ်းစက်တွေ ရှိတဲ့နားက နံရံတွေပတ်လည်မှာ လိုက်ကပ်ပြီးသွားတာသေချာမှ ဗီလာထဲက ပြန်ထွက်လာခဲ့တယ်
ရှီရှန်းက ညအမှောင်ထဲကို အမြန်ပြေးသွားပြီး သူမရဲ့ဝတ်စုံကလည်း လေထဲမှာ တဖျတ်ဖျတ်လွင့်နေတယ်
'သိပ်ကောင်းတယ်နော်..အခု ဘယ်ခေွးသူတောင်းစားက ငါ့ကိုချောက်ချဖို့ကြံနေလဲဆိုတာကြည့်ရတော့မယ့်အချိန်ပဲ..'
ရှီရှန်းက ကျောင်းထဲကိုပြန်ဝင်လာခဲ့လိုက်တယ် မီးလုံးတစ်လုံးတောင် ဖွင့်မထားတာကြောင့် ကျောင်းအဆောက်အအုံကြီးက အခွင့်အရေးကိုချောင်းမြောင်းပြီး အမှောင်ထဲမှာစောင့်နေတဲ့ ဧရာမ သတ္တဝါကြီးတစ်ကောင်နဲ့ တူနေတယ်
BHA ကလူတွေ ထွက်မသွားကြသေးဘူး ရှီရှန်းက ကျောင်းဝင်းထဲမှာစောင့်နေကြတဲ့ ကင်းပုန်းတွေအားလုံးကိုရှောင်ပြီး ဝင်လာနိုင်ခဲ့တာဖြစ်တယ်
ကျောင်းဝင်းကြီးက အလုံးစုံတိတ်ဆိတ်ငြိမ်သက်နေတာကြောင့် ကြောက်ရွံ့ခြောက်ခြားစရာကောင်းနေတယ်
ရှီရှန်းက ကျောင်းဝင်းတစ်ခုလုံးနှံ့အောင် သေချာလိုက်ရှာပေမယ့် ဘာသဲလွန်စမှမတွေ့ရဘူး
ရှီရှန်းက မြင်ကွင်းကောင်းကောင်းရအောင်လို့ အထပ်မြင့်အဆောက်အအုံတစ်ခုပေါ်ခုန်တက်လိုက်တယ် မမျှော်လင့်ထားတာက အဲ့မှာ တစ်ယောက်ယောက် ရှိနေနှင့်တာပဲ
ရှီရှန်းက မျက်ခုံးကိုပင့်လိုက်တယ် သူမရဲ့မျက်ဝန်းထဲမှာ အပြာရောင်အလင်းဖျော့ဖျော့ရှိနေတယ် 'အမျိုးသားဇာတ်လိုက်လား..သူကဒီမှာ ဘာလုပ်နေတာလဲ'
ကျိုးလဲ့က သူမဘက်ကိုလှည့်ပြီး ပြောလိုက်တယ် "မင်းကျောင်းကို ပြန်ဝင်လာရဲသေးတယ်ပေါ့"
ရှီရှန်းက အရှေ့ကိုခြေလှမ်းအနည်းငယ်လောက် တိုးလိုက်တယ်
"မလာရဲစရာဘာအကြောင်းရှိလို့လဲ..သူတို့က ငါ့ကိုဖမ်းနိုင်မှာမှမဟုတ်ပဲကို..."
ကျိုးလဲ့ "......" 'ဒီစိတ်ကြီးဝင်နေတဲ့လေသံက တကယ်ကို စောက်မြင်ကတ်စရာကောင်းတယ်'
ВЫ ЧИТАЕТЕ
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Подростковая литератураThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
