Unicode
ချန်းလန်ကနန်းတော်ထဲကထွက်လာတဲ့အခါမှာမိန်းကလေးတစ်ယောက်အပြင်ကနေသူ့ကိုစောင့်နေတာကိုတွေ့တယ် သူမကရှေ့ကိုတိုးလာပြီးတော့မေးတယ်''ရှင်တကယ်ပဲမင်းသမီးချင်းကွမ်းကိုလက်ထပ်တော့မှာလား''
"အင်း''
"ဒါပေမဲ့... '' မိန်းကလေးရဲ့နှုတ်ခမ်းတွေကလှုပ်ရှားသွားတယ်ဒါပေမဲ့သူမဘာပြောရမှန်းမသိဘူး
'ချင်းကွမ်းက အဆင့်မြင့်နတ်ဘုရား, ချန်းလန်နဲ့တူတူဖြစ်ရမှာမဟုတ်ဘူးဒါပေမဲ့....
ဒါနဲ့ဘာလို့ငါချင်းကွမ်းဆိုတဲ့နာမ်မည်ကိုကြားဖူးနေရတာလဲ,တစ်နေရာရာမှာသေချာပေါက်ကြားဖူးတယ်
ဘယ်နေရာမှာလဲ?'
ချင်းလန်ကသူမကိုထားခဲ့ပြီးတော့လမ်းလျှောက်သွားတယ် အဲ့ဒါကိုတွေ့တော့ယွဲ့ယောင်က သံသယတွေကိုဖျောက်လိုက်ပြီးတော့သူ့နောက်ကိုလိုက်သွားတယ်'ကြည့်ရတာကိစ္စကငါ့ဘာသာဖြေရှင်းရတော့မှာပဲ'
........
ရှီရှန်းက ဇာတ်လိုက်မကိုသူမနန်းတော်ကိုရောက်တဲ့ဒုတိယညမှာတွေ့တယ်
ဇာတ်လိုက်မကိုကြည့်ရတာသူမကိုသံသယတွေဖြစ်အောင်လုပ်ဖို့အမည်မသိတဲ့နည်းလမ်းတွေရှိနေပုံပဲ သူမကခေါင်းစခြေဆုံးအနက်ရောင်ဝတ်စုံကိုဝတ်ပြီးတော့ ပြတင်းပေါက်ကနေကျော်၀င်လာတယ်
ရှီရှန်းကတော့အိပ်ရာပေါ်မှာယွဲ့ယောင်ရောက်လာမှာကိုစောင့်နေတဲ့ပုံစံနဲ့တင်ပလ္လင်ခွေထိုင်နေတယ်
ယွဲ့ယောင်အခန်းထဲကိုဝင်လာတဲ့အခါမှာအေးစက်တည်ငြိမ်နေတဲ့မျက်ဝန်းတစ်စုံကိုတွေ့လိုက်ရတယ် ယွဲ့ယောင်ကိုမြင်နေတောင်မှ တည်ငြိမ်မှုကပျောက်ကွယ်မသွားဘူး
ယွဲ့ယောင်က သူမကိုယ်သူမပြန်ကြည့်လိုက်တယ်'ငါကိုယ်ယောင်မဖျောက်မိတာလား?ဒီမင်းသမီး ချင်းကွမ်းက ဘာလဲဟ, သူမက မမြင်ဖူးတဲ့သူစိမ်းသူမအခန်းထဲကိုဝင်လာတာကိုမြင်ရင်အစောင့်တွေကိုခေါ်ရမယ့်အစားဘာလုပ်နေတာလဲ'
ယွဲ့ယောင်ကသူမသာအပြင်ကအစောင့်တွေကိုအော်ခေါ်ရင်ဘယ်လိုလုပ်ရမလဲအစီအစဥ်ဆွဲပြီးသား...ဒါပေမဲ့သူမပုံစံကတစ်ယောက်ကိုမှခေါ်မဲ့ပုံမပေါ်ဘူး
![](https://img.wattpad.com/cover/265773746-288-k515335.jpg)
ESTÁS LEYENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Novela JuvenilThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.