Unicode
ပေ့လင်မယားက ရန်ပွဲပေါင်းများစွာဆင်နွှဲနေကြပြီး ကွာရှင်းတော့မယ်အခြေအနေမှာရှိနေတယ်
ရှီရှန်းကသူတို့တွေပြသနာအကြီးအကျယ်တက်နေကြတုန်း အခွင့်အရေးယူဖို့ကြံစည်လိုက်တယ် ပေ့သခင်ကြီးက ပေ့လုပ်ငန်းစုကိုမကွပ်ကဲနိုင်သေးတဲ့အတွက် ရှီရှန်းက သူ့ကိုသနားသောအားဖြင့် လက်ကမ်းပေးလိုက်တယ် ခြံစည်းရိုးခွထိုင်ပြီးသူတော်ကောင်းယောင်ဆောင်နေကြတဲ့ပြိုင်ဘက်ကုမ္ပဏီတွေကိုသွေးဆောင်ဖြားယောင်းဖို့ဆိုတာ ဘာမှမခက်ခဲလိုက်ဘူးမဟာတံတိုင်းကြီးကိုတောင် လူပေါင်းများစွာညီရင်ဖြိုချပစ်လိုက်လို့ရသေးတာပဲ အခုလိုကိစ္စကဘာမှတောင်မခက်ခဲဘူး ပြီးတော့ အခုအခွင့်အရေးရတုန်းမှာ အမိအရအသုူံမချလိုက်ဘူးဆိုရင် အနာဂတ်မှာ နောက်တအကြီးအကျယ်ရနေကြရလိမ့်မယ်
ရှီရှန်းလုပ်ပေးခဲ့တာဆိုလို့ ပေ့လုပ်ငန်းစုရဲ့ အတွင်းသတင်းတွေပြောပြပေးခဲ့ရုံပဲရှိတာ...သူတို့ကိုဘာမှမထိန်းချုပ်ခဲ့ဘူး အဲ့ဒီလိုမှပဲ သူတို့လည်းသူမကိုယုံကြည်တော့မှာလေ"Boss...ခင်ဗျားရဲ့နည်းလမ်းတွေက တကယ်ကိုနားမလည်နိုင်စရာပဲ..."
ရှီရှန်းရဲ့CEOကေ၀ဖန်တယ်ဒါကစျေးကွက်စီးပွားရေးဆိုင်ရာ ပြိုင်ဆိုင်မှုတော့မဟုတ်ပေမယ့် တကယ်ထိရောက်တယ်လို့ပြောရမယ်
အဆီရွှမ်းရွှမ်းအသားထူထူ သွေးသန်ရဲရဲ အသားတစ်ကို မမက်မောတဲ့ လင်းတဆိုတာမရှိဘူး အရင်တုန်းကထွားကြိုင်းသန်မာတဲ့တောဘုရင်ခြင်္သေ့မင်းဖြစ်နေလို့မပုန်ကန်ရဲသေးပေမယ့် အခုတော့ဘာမှအားမရှိတော့တဲ့ အသေကောင် နီးပါးဖြစ်နေပြီလေ.. ခံတွင်း၀ရောက်နေတဲ့အစာကိုဒီတိုင်းလွှတ်ပေးလိုက်တဲ့လင်းတတွေက အသက်ရှင်နိုင်မှာမဟုတ်ဘူး
"တရားမျှတမှုဆိုတာ အနိုင်ရသူတွေရဲ့လောကမှာပဲရှိတယ်....ငါလိုချင်တာရနိုင်ဖို့ ငါသုံးချင်တဲ့နည်းလမ်းကိုသုံးမှာပဲ"
'ဥပဒေဆိုတာ ကြားလို့ကောင်းတဲ့စကားလုံးဖြစ်ပေမယ့် သာမန်လူတွေအတွက်ပဲအသုံးကျတယ် ကျားနဲ့ဆင်လး်ပြင်မှာတွေ့သလိုတိုက်ပွဲမျိုးအတွက်တော့ အင်အားကြီးသူကသာအနိုင်ရစမြဲပဲ...'
![](https://img.wattpad.com/cover/265773746-288-k515335.jpg)
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.