Unicode
ရုတ်ရုတ်သဲသဲဖြစ်နေကြတဲ့အချိန်မှာ ရှီရှန်းက အနားမှာရှိနေတာကြောင့် ဘေးနားကကောင်မလေး ဖုန်းကိုဖယ်လိုက်တဲ့ အချိန်မှာ ရင်းနှီးနေတဲ့ ပုံရိပ်ကိုတွေ့လိုက်ရတယ်
တခြားဘယ်သူဖြစ်ရအုံးမှာလဲ....ဟို အကောင် ရှီရင်းပေါ့
'အတော်လေး အတင့်ရဲနေတယ်ပေါ့ဟလား..ကောင်းပြီလေ..တကယ့်အချိန် ကောင်းမှာရောက်လာတာပဲ'
ရှီရှန်းရဲ့ လက်ချောင်းလေးတွေ ကွေးသွားပြီး မျက်နှာမှာလည်းအပြုံးတစ်ခုပေါ်လာတယ်
ရှီရှန်းက အနောက်တံခါးကနေထွက်သွားပြီး ကျောင်းအုပ်ကြီးရုံးခန်း ကို ဦးတည်လိုက်တယ်
မျှော်လင့်ထားသလိုပဲ လှေကားရင်းမှာ စောင့်နေတုန်း တစ်ယောက်ယောက်ဆင်းလာတာကိုတွေ့လိုက်ရတယ်
သူမအနားကဖြတ်သွားတော့မယ့်အချိန်မှာ ရှီရှန်းက သူ့လက်ကောက်ဝတ်ကိုလှမ်းဆွဲပြီး နံရံမှာ လက်တစ်ဖက်ထောက်ကာ ကပ်ထားလိုက်တယ်
ဒါပေမယ့် ချီစွမ်းအင်တွေမထည့်ရသေးခင်မှာပဲ ရှီရင်းက သူမလက်ကိုဆွဲလှည့်လိုက်ပြီးနှစ်ယောက်သားရဲ့ အနေအထားကိုပြောင်းပြန်ဖြစ်သွားစေတယ်
အခုအချိန်မှာတော့ ရှီရှန်းကနံရံမှာအဖိခံထားရတာပဲ ဖြစ်တယ်
"ဟက်..ရက်အနည်းငယ်လောက်မတွေ့လိုက်ရတာနဲ့ အရမ်းတွေစိတ်မရှည်ဖြစ်ပြီး ငါ့ရင်ခွင်ထဲပြေးဝင်လာတယ်ပေါ့..ဟုတ်လား...ဟမ်.."
ပြုံးနေတဲ့ ရှီရင်းရဲ့မျက်နှာက သူမအနားကို တဖြည်းဖြည်းတိုးကပ်လာတယ်
ရှီရှန်းက သူ့ကိုဒီလောက်ထိ အတိုက်အခိုက်လျင်မြန်မယ်လို့ ထင်မထားမိခဲ့ဘူး
'အင်းလေ...ငါတွေ့ဖူးတဲ့ ဗီလိန်တွေက တအားတွေနူးညံ့နေကြတာကိုး..ဒါကမှဗီလိန်တစ်ယောက်ဖြစ်နေရမယ့်ပုံစံပဲ....'
ရှီရှန်းက မရုန်းဘူး အဲ့အစားသူမက ရှီရင်းရဲ့ လက်မောင်းကို လှုပ်လို့ရနေတဲ့လက်တစ်ဖက်နဲ့ လှမ်းကိုင်လိုက်တယ်
VOUS LISEZ
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Roman pour AdolescentsThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
