Unicode
အိမ်တော်တစ်ခုလုံးက သူမကို ရှာဖို့အလုပ်ရှုပ်နေတုန်းမှာပဲ ပေ့ဇီက အခန်းထဲကိုတိတ်တ်ိတ်လေးပြန်လာအိပ်နေပြီ
ရလဒ်ကတော့ နောက်နေ့မနက် နိုးတဲ့အချိန်မှာ ပေ့ကျဲ့ရဲ့ ဒေါသတကြီးဆူငေါက်တာကို ခံရတော့တာပါပဲ
ရှီရှန်းကတော့ သူ့ကိုလျစ်လျူသာရှုထားလိုက်တော့တယ်
'နင်တို့၂ယောက်သာသူများအနားယူချိန်မှာသီချင်းအကျယ်ကြီးဖွင့်ပြီးဒုံးဒုံးဒိုင်းဒိုင်းလုပ်မနေရင် ငါလည်းအခုလိုလုပ်စရာမလိုတော့ဘူးပေါ့ ?'
မျက်နှာတစ်ခုလုံးမဲပုပ်နေတဲ့ပေ့ကျဲ့က သူ့အနောက်ကတံခါးကို ၀ုန်းခနဲ့ပိတ်ပစ်ခဲ့လိုက်ပြီးကားမောင်းထွက်သွားတယ်
တံခါးနားမှာရပ်နေတဲ့ ကျင်းရှောင်ယွီကတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်
ပေ့မိသားစုရဲ့အိမ်တော်က ကျောင်းနဲ့အရမ်းေ၀းတာကြောင့် အရင်ကဆိုရင် ပေ့ကျဲ့ရဲ့ကားနဲ့အတူလိုက်နေကြဖြစ်တဲ့ ကျင်းရှောင်ယွီက အူကြောင်ကြောင်ဖြစ်နေတယ်
'ပေ့ကျဲ့ကအခုထွက်သွားပြီဆိုတော့ ငါက ကျောင်းကိုဘယ်လိုသွားရတော့မှာလဲ'
သူမရဲ့မျက်လုံးတွေက ကျီးကန်းတောင်းမှောက်ဖြစ်နေပြီး ရှီရှန်းကားထဲ၀င်တော့မှာကိုမြင်တဲ့အခါ ၀မ်းသာအားရဖြစ်သွားကာ ချိုသာစွာပြောလိုက်တယ်
"မမလေး..ကျွန်မလည်းကျောင်းကိုသွားမှာပဲ.. ကျွန်မတို့တူတူသွားကြရအောင်လေ..မမလေးက ကျောင်းနဲ့အစိမ်းသက်သက်ဖြစ်နေတော့ ကျွန်မ လိုက်ပြပေးမယ်လေ"
"မလိုဘူး"
ရှီရှန်းက ပြတ်ပြတ်သားသားပြောလိုက်တယ်
"Alice Academyက အကျယ်ကြီးပဲ ကျန်မရဲ့ပထမဆုံးနေ့တုန်းကဆိုရင် လမ်းပျောက်သွားတော့မလို့ မမလေးက တစ်ခါမှမရောက်ဖူးဘူးဆိုတော့ ကျွန်မက လမ်းပြပေးဖို့လိုတာပေါ့ "
ကျင်းရှောင်ယွီက အရမ်းဖော်ရွေပြနေပြီး ကားအရှေ့ခန်းတံခါးကိုပါဆွဲဖွင့်တော့မလိုလုပ်နေတယ်
'၀သဖ!!!ဇာတ်လိုက်မရယ် နင်ဘာကိစ္စ အရမ်းရင်းနှီးတဲ့ပုံလုပ်ပြနေရတာလဲ ငါတို့တွေ့တာ အခုမှ၂ခါပဲရှိသေးတာနော် သိရဲ့လား တစ်ကမ္ဘာလုံးကနင်နဲ့သူငယ်ချင်းဖြစ်ချင်နေတယ်လို့များ ထင်နေသလား ပြီးတော့ ငါက နင်တို့သမီးရည်းစားဆက်ဆံရေးကို ပြတ်အောင်ဖျက်မယ့်သူပဲ '
ရှီရှန်းက ကားဘေးမှာရပ်နေပြီး ကျောင်းတူတူသွားဖို့ကိုငြင်းဆန်နေတယ်
BẠN ĐANG ĐỌC
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
