Unicode
'ဝှက်သယ်ဖာ့ခ်!...အဲ့မသာမလေးက ဘယ်သူတုန်း..'ရှီရှန်းက အခုလောလောဆယ် လုံးဝကို စိတ်ရှုပ်ထွေးနေတယ် ' 'မီနိုင်းနဲ့ တစ်ထပ်တည်းတူတဲ့ ဇာတ်ကောင်က ဘယ်ကနေပါလာတာလဲ..system ထွက်ခဲ့စမ်းပါ..ငါတို့တွေ စကားလေးဘာလေး ပြောကြရအောင်.. ဒီကျက်သရေတုံး system မူလဇာတ်ကြောင်းထဲကို အပိုတွေထပ်ထည့်ထားတယ်ဆိုတာ ငါလောင်းရဲတယ် '
[ "host ကို ခက်ခဲမှုအဆင့်က ပိုမြင့်လာမယ်လို့ ကြိုပြောထားတာပဲလေ.. မထင်မှတ်ထားတာတွေ ဖြစ်လာမှာက ပုံမှန်ပါပဲ " ]
"နင့်ခေါင်းကိုပဲ ပုံမှန်ဖြစ်..ခက်ခဲမှု အဆင့်ကို မြှင့်ဖို့အတွက်နဲ့ အပိုတွေထပ်ထည့်တာက ဖြစ်သင့်တယ်လို့ထင်လို့လား. ဒီကောင်မစုတ်လေးက ဘယ်သူလဲ..ငါ့ကိုပြောစမ်း..."
[ "ဒါက မူလဇာတ်ကြောင်းမှာကတည်းကပါတဲ့ ဇာတ်ကောင်တွေပါပဲ..ပြီးတော့ ကျွန်တော်က သာမန် system လေးပါ..မူလဇာတ်ကြောင်းထဲကို အပိုတွေထပ်ထည့်ဖို့ကတော့ hostက ကျွန်တော့်ကို အထင်ကြီးနေပြန်ပါပြီ.." ]
"အဲ့ဒါဆိုလည်း ဒီမသာမလေးက ဘယ်သူဆိုတာပြောပြလေ..မီနိုင်းမှာ မိသားစုဝင်တွေမရှိတော့ဘူး ဆိုတာ ငါ သေသေချာချာကြီးကို မှတ်မိတယ် ... မိသားစုဝင်တွေမရှိတော့ဘူး ဆိုတဲ့ အဓိပ္ပာယ် ကို နားလည်လား..ဘာဆွေမျိုးမှ မရှိတော့ဘူးဆိုပြောချင်တာပဲ..အဲ့ဒါကို အမြွှာလို တစ်ထပ်တည်းတူနေတဲ့ အဲ့မိန်းမက ဘယ်ကနေခုန်ထွက်လာတာလဲ.."
[".........."] 'hostက အရမ်းကြောက်ဖို့ကောင်းတာပဲ..ငါ ခနလောက်shut down ချထားမှထင်တယ် '
Systemဆီကနေ ဘာအကြောင်းပြန်ချက်မှ မကြားရတော့တဲ့ အချိန်မှာတော့ ရှီရှန်းလည်း စိတ်တိုတိုနဲ့ ဓါးဆွဲပြီး တိုက်ပွဲထဲကို ဝင်လာခဲ့လိုက်တယ်
မီနိုင်းအတုကို တိုက်ခိုက်နေကြတဲ့ လူစုက ဧည့်သည်အသစ်ကိုမြင်တော့ အကြီးအကျယ် အံ့ဩထိတ်လန့်ကုန်ကြတယ်
'ဘာ..ဘလိုဖြစ်လို့ မီနိုင်း၂ယောက်ရှိနေရတာလဲ.အဖွဲ့ခေါင်းဆောင်ရေ..မြန်မြန်ပြန်လာခဲ့ပါတော့ဗျ ..ပြဿနာကြီးကြီးမားမားတော့ ရှိနေပြီ..'
أنت تقرأ
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
أدب المراهقينThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.