Unicode
အိုက်ဝေရဲ့အေးစက်တဲ့အကြည့်တွေကစုန့်ကော်စန်းဆီရောက်သွားတယ်
စုန့်ကော်စန်းက သူမကိုကိုင်ပေါက်လိုက်တာကြောင့်အိုက်ဝေကကျောက်တုံးနဲ့ရိုက်မိတယ်
"အဲ့နေ့ကမီးထဲမှာမင်းအသက်ရှင်ခဲ့တာဘာကြောင့်လို့များထင်နေတာလဲ"
မီးထဲရောက်နေတဲ့ခံစားချက်ကသူမမှတ်ညဏ်ထဲမှာပြန်ပေါ်လာတယ် အဲ့အချိန်ကခံစားခဲ့ရတဲ့နာကျင်မှုကအခုချိန်ထိသူမကိုခြောက်လှန့်နေတုန်းပဲ
"ဗန်ပိုင်းယားတွေအကုန်လုံးကမင်းရဲ့သာမန်နောက်ခံနဲ့မင်းကိုဘာလို့အသိအမှတ်ပြုကြတာလဲဆိုတာ ဘာကြောင့်လို့များထင်နေတာလဲ"
"ဖေးချီဆိုတဲ့ကောင်ကရော မင်းကိုဘာလို့အဲ့လောက်ကူညီနေတယ်ထင်နေတာလဲ"
လူသားတစ်ယောက်ဖြစ်နေပြီးဗန်ပိုင်းယားတွေကသူမကိုဘာလို့ကြည်ဖြူနေတာလဲဆိုတာ သူမသံသယတာကြောင့်ဖေးချီကိုမေးကြည့်ဖူးတယ်
ဖေးချီက သူမကကွဲပြားတယ်လို့ပဲပြောတယ်
ဘယ်လိုကွဲပြားတာလဲ?အိုက်ချန်ကသူမကိုငယ်ငယ်လေးကတည်းကပြုစုစောင့်ရှောက်ခဲ့ပြီးသူမမိဘတွေကသေသွားပြီလို့ပဲပြောပြထားတာကြောင့်အိုက်ဝေကသူမမိဘတွေကိုတစ်ခါမှမတွေ့ဖူးဘူး
'ငါကဘယ်သူလဲ'
"အရင်ကတည်းကငါသူမကိုယ်ဝန်မဆောင်နိုင်အောင်ဆေးကျွေးခဲ့တာပါ ငါထင်မထားတာကသူမကိုယ်ဝန်ရလာပြီးမင်းကိုမွေးခဲ့တာကိုပဲ သူမကိုကျေးဇူးတင်သင့်တယ်
မဟုတ်ရင်မင်းလိုထူးခြားတဲ့သူကိုငါဘယ်ကနေရှာမလဲမသိဘူး"ဗန်ပိုင်းယားဘုရင်မ မှာယောက်ျားတစ်ယောက်ပဲရှိတာမဟုတ်ဘုး
ပြီးတော့ဗန်ပိုင်းယားတွေအတွက်မျိုးပွားနိုင်ချေကအရမ်းနည်းပါးတယ် အဲ့အချိန်တုန်းကသူကလည်း အဆင့်နိမ့်တဲ့ဗန်ပိုင်းယားတစ်ယောက်သာသာပဲရှိနေတာကြောင့်ကလေးအဖေကသူမဖြစ်နိုင်ဘူး ဖြစ်နိုင်တာက ဘုရင်မဘေးမှာရှိတဲ့သွေးသန့်တွေထဲကတစ်ယောက်ယောက်ပဲ
စုန့်ကော်စန်းကအိုက်ဝေနားကိုတစ်ဖြည်းဖြည်းတိုးသွားတယ် သူ့ပုံစံကကြောက်စရာကောင်းနေတယ်"မင်းအမေရဲ့အပြစ်တွေအတွက်မင်းပေးဆပ်ရလိမ့်မယ်"
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.