Unicode
မျှော်လင့်ထားတဲ့အတိုင်းပဲ ရှီရှန်းကို ဖိတ်ဖို့က သိပ်မလွယ်ကူဘူး အစတုန်းကတော့ သူတို့လည်း ပုံမှန်အတိုင်းပဲ ဖိတ်စာတစ်စောင်ပို့ခဲ့ပေမယ့် သူမကအပြည့်အ၀လျစ်လျူရှုထားတယ်
သူတို့တွေကိုယ်တိုင်ကိုယ်ကျသွားပြီးမေတ္တာရပ်ခံတော့လည်း ကြုံရာအကြောင်းပြချက်တွေနဲ့ငြင်းလွှတ်ခံရပြန်တယ်
ဥပမာအားဖြင့်..........
"ငါဒီနေ့ရာသီလာနေလို့စိတ်မကြည်ဘူး..မသွားချင်ဘူး.."
သို့မဟုတ်.....
"ဖူချင်းကပန်းသီးပန်ကိတ်စားချင်နေလို့ငါသွား၀ယ်ပေးရမယ်..မအားဘူး..."
သို့မဟုတ်....
"ဒီနေ့လူတွေကငါ့ကို ပြသနာလိုက်ရှာနေကြတယ်..စိတ်မပျော်ဘူး..မသွားချင်ဘူး..."
သွားဖိတ်တဲ့သူတွေကအတော်ကိုပြောစရာစကားမဲ့ကုန်ကြပြီ
'နင့်ကို လူတွေက လိုက်ပြီးဒုက္ခပေးနေကြသလို ငါတို့လည်း နင့်ကြောင့် ဒုက္ခရောက်ရပါတယ်နော်!!'
ရှီရှန်းရဲ့၇ကြိမ်မြောက်ငြင်းဆန်မှုအပြီးမှာတော့ ဖူရော့ ရဲ့စိတ်ရှည်မှုကလည်း ကုန်ဆုံးသွားလေပြီ သူက ရှီရှန်း ကျောင်းကိုသွားတဲ့အချိန်မှာ ဖမ်းခေါ်လာခဲ့ဖို့ သူ့လူတွေကိုအမိန့်ပေးလိုက်တယ်
..........
နောက်ဆုံးမှာတော့ရှီရှန်းကဖူရော့ကို မျက်နှာချင်းဆိုင်တွေ့လိုက်ရတော့တယ်
'ဒီမြေခွေးအိုကြီးက ဖူချင်းရဲ့အဖေတဲ့လား...သူတို့ကဘာလို့မတူကြပါလိမ့်!! သူက ဒီလောက်တောင် ယောက်ျားဆန်တာ ဘာလိုလုပ်ပြီး လှပတဲ့သားတစ်ယောက်မွေးထားနိုင်ရတာလဲ... သူ့အမေဘက်ကိုသွားတူတာများလား..'
ဖူရော့လည်းအနည်းနဲ့အများတော့ အံ့အားသင့်နေတယ် သူရဲ့အရှိန်အ၀ါတွေကို အံတုနိုင်တဲ့သူဆိုတာခပ်ရှားရှားပေမယ့် ဒီမိန်းကလေးကတော့ အကြောက်တရားကင်းမဲ့စွာပဲ သူ့ကို မျက်တောင်တစ်ချက်မခတ်ဘဲ စိုက်ကြည့်နေတယ်
'အို.....စိတ်၀င်စားစရာပါလား...'
"ကျွန်မကိုဘာလို့ပြန်ပေးဆွဲလာရတာလဲ..."
ရှီရှန်းကခပ်ပြတ်ပြတ်မေးလိုက်တယ်
ESTÁS LEYENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Novela JuvenilThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
